LADDER OF TRANSFORMATION (LEVEL II) Personality Clarity “ ကိုယ်ရည်ကိုယ်သွေးအမြင်ဖွင့်ခြင်း” သင်တန်းဆင်းပွဲကျင်းပ
၂၀၂၅ခုနှစ်၊စက်တင်ဘာလ၊(၂၉)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏလမ်းညွှန်မှုဖြင့် ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး ဦးဆောင်၍ LADDER TRANSFORMATION(LEVEL II) personality Clarity “ ကိုယ်ရည်ကိုယ်သွေးအမြင်ဖွင့်ခြင်း” သင်တန်းဆင်းပွဲအခမ်းအနားအား၂၀၂၅ခုနှစ်၊စက်တင်ဘာလ၊(၂၉)ရက် နေ့လယ် အချိန်က (ဗဟို)ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ဗဟို စည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒေါ်တင်တင်လွင်(ဟိန္ဒူဘာသာ)၊ ဒေါ်ဝင်းဝင်းသန်း(ခရစ်ယာန်ဘာသာ)၊နှင့်အမျိုးသမီးအဖွဲ့ဝင်များတက်ရောက်ကြသည်။
သင်တန်းတွင် ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးမှ အမှာစကားပြောကြားကာ၊သင်တန်းဖွင်လှစ်ရခြင်းရည် ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊သင်တန်းတက်ရောက်ခဲ့ကြသော သင်တန်းသူများအနေဖြင့် မိမိတို့သင်တန်း၌သင်ကြားတက်မြောက်ခဲ့သောအတက်ပညာများအားမိမိတို့ပတ်ဝန်းကျင်တွင်ပြန်လည်မျှဝေခြင်းဖြင့်နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင်တစ်တောင့်တစ်နေရာမှပါဝင်ကူညီဆောင်ရွက်သွားကြပါရန် မှာကြားသည်။
ထို့နောက် သင်တန်းသူများအားသက်ဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းများပေးအပ် ၍အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကာအခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။
#ပြန်ကြားရေး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Republic of the Union of Myanmar
Myanmar Interfaith Dialogue Organizations (Central)
Graduation Ceremony of LADDER OF TRANSFORMATION (LEVEL II) – Personality Clarity Program
September 29, 2025
Under the guidance of U Wanna, Chairman of the Central Myanmar Interfaith Dialogue Organizations, and led by Daw Khin Mya Thwe, Chairperson of the Central Women’s Empowerment Support Committee, the Graduation Ceremony of the LADDER OF TRANSFORMATION (LEVEL II) Personality Clarity Training Program (“Personal Character and Perspective Development”) was held on September 29, 2025, at the Central Office Meeting Hall.
The ceremony was attended by U Thant Zin Hlaing (Buddhist), Secretary of the Central Mobilization Committee of the Myanmar Interfaith Dialogue Organizations, Daw Khin Mya Thwe, Chairperson of the Central Women’s Empowerment Support Committee, Vice-Chairpersons Daw Tin Tin Lwin (Hindu) and Daw Win Win Than (Christian), along with members of the Women’s Committee.
At the event, Daw Khin Mya Thwe delivered opening remarks, explaining the objectives of the training program. She emphasized that graduates should share the knowledge and skills they had gained with their communities and actively contribute to national development initiatives.
Following her address, certificates of completion were presented to the trainees by responsible officials. The ceremony concluded with commemorative group photographs.
#PublicRelations (Central)
#MyanmarInterfaithDialogueOrganizations
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069