မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ တက်ရောက်

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၇)ရက်

ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel Grand Ballroom တွင် ၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၇)ရက်နံနက်(၉)နာရီ၌ကျင်းပပြုလုပ်သော၊မြန်မာနိုင်ငံ အိမ်ခြံမြေ ယဝန်ဆောင်မှုအသင်း(ဗဟို)နှစ်ပတ်လည်အစည်းအဝေးသို့ (ဖိတ်ကြားချက်အရ)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ တက်ရောက်ကာနုတ်ခွန်းဆက်စကားပြောကြားသည်။
အခမ်းအနားသို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟို စည်းကမ်းထိန်းသိမ်းရေးနှင့်ညှိနှိုင်းဖြန်ဖြေရေးကော်မတီ အတွင်းရေးမှူး ဦးဇော်မိုးအောင်၊ဗဟို ဘဏ္ဏာရေးမှူး ဦးလှကြူ၊ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)တို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။

#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069