ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (အင်းစိန်ခရိုင်)မှ စေတီပုထိုးများအား သန့်ရှင်းရေးများပြုလုပ်ဆောင်ရွက်
၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၃၁)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ရန်ကုန်တိုင်းဒေသကြီး/အင်းစိန်ခရိုင်မှ လိူင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိရှေးဟောင်းသမိုင်းဝင်သက်သာပန်းတောင်းရွှေရင်အေးစေတီတော်မြတ်ကြီးရင်ပြင်တော်သန့်ရှင်းရေးကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန်ခရိုင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနိုင်ခေါင်းဆောင်၍စေတီတော်ဂေါပက ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်ဂေါပကအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အင်းစိန်ခရိုင် ဒုတိယဥက္ကဋ္ဌ ဦးနေမင်းဦး(ဗုဒ္ဓဘာသာ)၊အရှေ့လှိုင်သာယာ မြို့နယ်မှဥက္ကဋ္ဌဦးမျိုးမင်းသန့်၊အနောက်လှိုင်သာယာ ဥက္ကဋ္ဌ ဦးကျော်သူဝင်း(ခ)ဦးရွှေမန်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက်ကာ စုပေါင်းလုပ်အားပေး သန့်ရှင်းရေးများပြုလုပ်ခဲ့ကြောင်းသိရသည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Union of the Republic of Myanmar
Myanmar Interfaith Dialogue Organization
(Insein District) Conducts Pagoda Cleaning Activities
Date: July 31, 2025
The Myanmar Interfaith Dialogue Organization, Yangon Region, Insein District, led a collective cleaning activity this morning at around 8:00 AM at the revered Thakhathapanhtaung Shwe Yin Aye Pagoda compound, located in Western Hlaingtharya Township.
The activity was spearheaded by U Kyaw Thu Naing, Chairperson of the Insein District Interfaith Dialogue Organization, in collaboration with U Aung Lwin, Chairperson of the Pagoda Trustee Board, and trustee board members.
Joining the effort were U Nay Min Oo (Buddhist), Vice Chairperson of the Insein District Interfaith Dialogue Organization; U Myo Min Than, Chairperson of Eastern Hlaingtharya Township; U Kyaw Thu Win (a.k.a. U Shwe Mann), Chairperson of Western Hlaingtharya Township; as well as local administrative officers. Together, they actively contributed to the cleaning of the pagoda premises.
#PublicRelations(Central)
#MyanmarInterfaithDialogueOrganization
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069