ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၃)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရှမ်းပြည်နယ်)ဥက္ကဋ္ဌ ဦးနေမျိုးထွေး ဦးဆောင်သောအဖွဲ့သည် ၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၃)ရက် နံနက်ပိုင်းအချိန်က တောင်ကြီးမြို့ရှိ ဗုဒ္ဓတက္ကသိုလ်ဝင်းတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအားဒေသခံပြည်သူများနှင့်ချစ်ခင်ရီးနှီးစွာစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါစိုက်ပျိုးပွဲတွင် (ရှမ်းပြည်နယ်) ဥက္ကဋ္ဌကထင်းရှုးပျိုးပင်ပေါက်အားစိုက်ပျိုးပေးကာ၊ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအောင်မြင့်(ဟိန္ဒူဘာသာ)၊ဦးအောင်ကြီး(ခရစ်ယာန်ဘာသာ)၊အထွေထွေ အတွင်း ရေးမှူး ဦးဝင်းမောင်၊အတွင်းရေးမှူး ဦးစိုးစိုးငယ်(အစ္စလာမ်ဘာသာ)၊အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့်စုပေါင်း၍ ထင်းရှုးပျိုးပင်များကို ညီညွတ်စွာစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီရေးအဖွဲ့

Republic of the Union of Myanmar
Myanmar Interfaith Dialogue Organisation – Shan State
Monsoon Tree Planting for a Greener Environment

13 July 2025

Under the leadership of U Nay Myo Htwe, Chairman of the Myanmar Interfaith Dialogue Organisation – Shan State, a monsoon tree planting event was held on the morning of 13 July 2025 at the grounds of the Buddhist University in Taunggyi, with the aim of promoting a greener and healthier environment.
Local residents and members of the organisation joyfully and collaboratively participated in planting trees during the event.
As part of the programme, Chairman U Nay Myo Htwe planted a Than Shwe sapling, followed by Vice Chairmen U Aung Myint (Hindu faith) and U Aung Gyi (Christian faith), General Secretary U Win Maung, Secretary U Soe Soe Nge (Islamic faith), along with other executive members and members of the local community. Together, they planted Than Shwe trees in unity and harmony.

#CentralCommunications
#MyanmarInterfaithDialogueOrganisation

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069