ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၆)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်စိုက်ပျိုးပွဲတော်အားရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ကမ္ဘာအေးကုန်းမြေရှိမဟာသိမ်တော်ကြီးအနီး၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဝင်းတွင် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ ခရေပျိုးပင်နှင့်ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာဘာသာအလိုက် (ဗဟို)ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ဦးအောင်ဇော်ဝင်း(အစ္စလမ်ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊သက်ဆိုင်ရာဘာသာအလိုက် အတွင်းရေးမှူးများ၊ကော်မတီ အတွင်းရေးမှူးများ၊ဗဟို အထောက်အကူပြုလုပ်ငန်း ဥက္ကဋ္ဌ များ၊သက်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ၊သက်ဆိုင်ရာဒုတိယဥက္ကဋ္ဌများနှင့်အထွေထွေအတွင်းရေးမှူး၊အတွင်းရေးမှူးများ၊ တိုင်းအလုပ်အမှုဆောင်များ၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ညွှန်ကြားရေးမှူး ဦးကျော်မိုး၊သီရိမဂ်လာကမ္ဘာအေးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ခရိုင်အလုပ်အမှုဆောင်များ၊မြို့နယ်အလုပ်အမှုဆောင်များတက်ရောက်စိုက်ပျိုးကြသည်။
ထို့နောက် (ဗဟို)ဥက္ကဋ္ဌက ယနေ့သည် ကျွန်တော်တို့ ဘသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးခရိုင်နှင့်သဃ်န်းကျွန်းခရိုင်များတွင်လည်း “ကြီးမြန်သစ်ပင် စိုက်ပျိုးလျှင် စွမ်းအင်လည်းရ ပြည်လည်းလှ’’ဆောင်ပုဒ်နှင့်အညီစိုက်ပျိုးနေကြပါကြောင်း ပြောကြား၍နေ့လယ်(၁၂:၀၀)အချိန်တွင်အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Union of the Republic of Myanmar
Myanmar Interfaith Dialogue Organization (Central Committee)
Rainy Season Tree Planting Ceremony Held to Promote Environmental Greening
July 6, 2025
The Myanmar Interfaith Dialogue Organization (Central Committee) successfully held a Rainy Season Tree Planting Ceremony on July 6, 2025, at 10:00 AM, at the compound near Maha Theintawgyi Pagoda, in Kaba Aye Hill, Mayangone Township, Yangon Region, within the premises of the State Pariyatti Sasana University.
During the event, Central Chairperson U Wanna led the planting of star apple and almond trees, marking the ceremonial launch of the greening initiative.
Following the Chairperson, respective Vice Chairpersons from various faiths also participated:
U Zaw Zaw Naing (Hindu), Dr. Tu Tu (Christian), U Aung Zaw Win (Islam), alongside: Central General Secretary U Zwe Yan Naing, Other Central Secretaries by religion and committee, Chairpersons of Central Supportive Committees, Deputy Chairpersons and Secretaries of Yangon Region Branch, Regional Executives, U Kyaw Moe, Rector of State Pariyatti Sasana University, Members of the Sri Mangala Kaba Aye Pagoda Management Committee (Gopaka), District and Township Executives.
In his speech, Central Chairperson U Wanna stated that the tree planting ceremony exemplified the commitment of the Interfaith Organization to environmental responsibility. He noted that similar planting activities were also being held in Hlegu District and Thingangyun District under the shared motto:
“Planting great trees brings both energy and a beautiful nation.”
The event concluded at 12:00 noon, with active participation and cooperation from all attendees.
#CentralCommunications
#MyanmarInterfaithDialogueOrganization
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069