ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)ထပ်ဆင့်ရှင်းလင်းပွဲ ဆောင်ရွက်
၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၁)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)ထပ်ဆင့်ရှင်းလင်းပွဲအား“ ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ဆောင်ပုဒ်နှင့်အညီ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၁)ရက်၊နံနက် (၁၀:၃၀)အချိန်က ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ရုံးအစည်းအဝေးခန်းမ၌ကျင်းပဆောင်ရွက်သည်။
ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟိုဥက္ကဋ္ဌဦးဝဏ္ဏကအဖွင့်အမှာစကားပြောကြားရာ၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲပြောကြားခဲ့သည့် အမှာစကားမှထုတ်နှုတ်ပြီး မျိုးဆက်လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေသည့်အတွက်“ ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေးလူငယ်များပါဝင်မှုကိုမြှင့်တင်ပေး” ဆိုသည့်ဦးတည်ချက်ဖြင့်ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ယ နေ့ခေတ်လူငယ်များသည်နိုင်ငံတော်ဖွင့်ဖြိုးတိုးတက် ရေးအတွက်တန်ဖိုးမဖြတ်နိုင်သည့်လူစွမ်းအားအရင်းအမြစ်များပင်ဖြစ်ကြောင်း၊နိုင်ငံတော်တာဝန်များကို လက်ဆင့်ကမ်းပခုံးပြောင်းတာဝန်ယူကြမည့်သူများဖြစ်သည့်အတွက်လူငယ်များအားလုံးသည်နိုင်ငံအတွက် အဓိကအင်အားကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးမှာတိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးမှီတင်းနေထိုင်ကြပြီး၊အသက်(၁၅)နှစ်၊မှ(၃၅)နှစ်အတွင်းလူငယ်အရေအတွက်မှာ နိုင်ငံတော်လူဦးရေ၏ (၃)ပုံ(၁)ပုံခန့်၊ရာခိုင်နှုန်းအားဖြင့်(၃၃)ရာခိုင်နှုန်းပါဝင်လျှက်ရှိနေတာကိုတွေ့မြင်နေရပါကြောင်း၊လူငယ်များကမှန်ကန်သည့်အတွေးအမြင်နှင့်ခံစားချက်၊ယုံကြည်ချက်၊ခံယူချက်များသည်နိုင်ငံတော်အတွက်အဓိကလိုအပ်ချက်ဖြစ်ပြီးရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးကိုရယူနိုင်ရေးသည်အရေးပါသည့်စွမ်းအားဖြစ်သည်ကိုတွေ့မြင်နေရပြီး၊လူငယ်များရဲ့အသိပညာဖွံ့ဖြိုးတိုးတက်မှုဟာကျွန်တော်တို့နိုင်ငံအတွက် အနာဂတ်လည်းဖြစ်ပါကြောင်း၊အတက်ပညာသည်လူတော်ကိုဖြစ်စေပြီးအသိပညာသည်လူကောင်းကိုဖြစ်စေကြောင်း၊အတက်ပညာရှိရန်အတွက်အတန်းပညာလိုအပ်ပြီးအသိပညာအတွက်စာအုပ်စာပေများ၊ဗဟုသုတစာပေများအမြဲဖတ်ရှု့လေ့လာနေဖို့လိုအပ်ကြောင်း၊လူငယ်ဖိုရမ်မှာပြည်နယ်နှင့်တိုင်းအသီးသီးကလာရောက်ကြတဲ့လူငယ်အချင်းချင်းဆွေးနွေးမှုရရှိလာတဲ့အတွေ့အကြုံများအသိပညာများကိုပြန်လည်မျှဝေပြီးနိုင်ငံတော်တည်ဆောက်ရေးနှင့်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကဏ္ဍများ၌လည်းကောင်း၊ငြိမ်းချမ်းရေးကဏ္ဍများ၌လည်းကောင်းပူးပေါင်းဆောင်ရွက်ပြီးခေတ်မှီဖွံ့ဖြိုးတိုးတက်သော၊ငြိမ်းချမ်းသောအနာဂတ်နိုင်ငံတော်ကိုဝိုင်းဝန်းတည်ဆောက်ကြပါလို့ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)တွင်အုပ်ချုပ်သူအဖြစ်သွားရောက်ခဲ့သောဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အထောက်အကူပြု လူငယ်ရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်စွာ(ခ)ကျော်စွာကအတွေ့အကြုံများအားရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)တွင်ပါဝင်ဆောင်ရွက်ခဲ့ကြသော၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှလူငယ်ကိုယ်စားလှယ်(၄)ဦးမှမိတ်ဆက်စကားပြောကြားပြီးဖိုရမ်တွင်အုပ်စုဖွဲ့၍ဆွေးနွေးခဲ့ကြသောခေါင်းစဉ်ကြီး(၄)ခုအားတက်ရောက်လာကြသူများအားပြန်လည်မျှဝေပြောကြားကြသည်။
အခမ်းအနားသို့ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဒုတိယဥက္ကဋ္ဌများဖြစ်သည့်ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊ဗဟို အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ဗဟို အထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ဗဟို အထောက်အကူပြု လူငယ်ရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်စွာ၊ဗဟို ဘဏ္ဏာရေးမှူး ဦးလှကြူ၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို ပြန်ကြားရေးမှူး ဦးမျိုးဇေယျာ၊ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဦးမြင့်ဆန်း(ဗုဒ္ဓဘာသာ တာဝန်ခံ)ဗဟို အထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်း၊အတွင်းရေးမှူး ဒေါ်ခိုင်မွန်မွန်ကို(ဗုဒ္ဓဘာသာ)တွဲဖက်အတွင်းရေးမှူး ဒေါ်ဇင်မာညွန့်၊ဗဟိုအလုပ်အမှုဆောင် ဦးဟန်ဝင်းအောင်၊ရန်ကုန်တိုင်းဒေသကြီး နာယက ဦးဘနီ(ဟိန္ဒူဘာသာ)၊ဒုတိယ ဥက္ကဋ္ဌ ဦးဘိုနီဝင်း၊အတွင်းရေးမှူး၊ဦးဇော်ဝင်းမောင်၊(ဟိန္ဒူဘာသာ)၊တွဲဘက်အတွင်း ရေးမှူး ဦးကျော်ဝင်း(အစ္စလာမ်ဘာသာ)၊ခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများ၊အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
#ပြန်ကြားရေးမှူး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069