ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)ရန်ကုန်တိုင်းဒေသကြီး၏(အဋ္ဌမ)အကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်ချီးမြှင့်
၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ(၂)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့်၊ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ရန်ကုန်တိုင်းဒေသကြီး၏ (အဋ္ဌမ)အကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ၊(၂)ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)ရုံး၌ကျင်းပသည်။
အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ဗဟိုစည်းရုံးရေးရာကော်မတီအတွင်းရေးမှူးများဖြစ်သည့် ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဗဟို စည်းကမ်းထိန်းသိမ်းရေးနှင့်ညှိနှိုင်းဖြန်ဖြေရေးကော်မတီအတွင်းရေးမှူး ဦးဇော်မိုးအောင်၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးအတွင်းရေးမှူး ဦးစိုးမိုး၊ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌဦးဝင်းမြင့်၊ဗဟို အထောက်အကူပြုရေးရာဥက္ကဋ္ဌများဖြစ်သည့် ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်း)၊ဦးနေမျိုးဝင်း(လူမှုရေးရာလုပ်ငန်းအဖွဲ့)၊ဗဟို ဘဏ္ဏာရေးမှူး ဦးလှကြူ၊ဗဟို(ပြန်ကြားရေးမှူး)ဦးမျိုးဇေယျာ၊ဗဟို အထောက်အကူပြုလူမှုရေးရာလုပ်ငန်းအဖွဲ့အတွင်းရေးမှူး ဦးရန်ဝင်းခန့်၊ဗဟို ပြန်ကြားရေးအဖွဲ့ဝင်များဖြစ်သည့်ဦးမြင့်ဆန်း၊ဦးစတီး၊ဗဟိုအလုပ်အမှုဆောင်များ၊တိုင်းနာယက ဦးဘနီ(ဟိန္ဒူဘာသာ)၊တိုင်း ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းထွန်း(ဟိန္ဒူဘာသာ)၊ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊ဦးဘိုနီဝင်း(အစ္စလာမ်ဘာသာ){ယာယီ}၊တိုင်းအထွေထွေအတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊တိုင်းအတွင်းရေးမှူးများဖြစ်သည့် ဦးဇော်ဝင်းမောင်(ဟိန္ဒူဘာသာ)၊ဦးဖရန်စစ်(ခရစ်ယာန်ဘာသာ)၊ဦးရွှေမောင်(အစ္စလာမ်ဘာသာ)၊တွဲဘက်အတွင်းရေးမှူးများဖြစ်သည့်ဦးဘာဘူလေး(ဟိန္ဒူဘာသာ)၊ဦးမျိုးဇော်(ခရစ်ယာန်ဘာသာ)၊ဦးကျော်ဝင်း(အစ္စလာမ်ဘာသာ)၊တိုင်းဘဏ္ဏာရေးမှူးဦးကျော်ဇင်သက်၊ခရိုင်ဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်သူနိုင်(အင်းစိန်ခရိုင်)၊ဦးအေးချို(မရမ်းကုန်းခရိုင်)၊ဦးသန့်ဇော်မင်းထိုက်(မှော်ဘီခရိုင်)၊ဦးငြိမ်းလတ်(ဗိုလ်တထောင်ခရိုင်)၊တိုင်းအလုပ်အမှုဆောင်များ၊ခရိုင်၊မြို့နယ်အသီးသီးမှ ဥက္ကဋ္ဌများနှင့်အလုပ်အမှုဆောင်များ၊ အမျိုးသား သွေးဌာနမှဒုတိယညွှန့်ကြားရေးမှူးဒေါက်တာသန္တာနှင့်ဆရာဝန်များ၊ကျန်းမာရေး၀န်ထမ်းများ၊သွေးလှူရှင်များတက်ရောက်ကြသည်။
ထို့နောက်သွေးလှူဒါန်းကြမည့် သွေးလှူရှင်ပြည်သူများအားအမျိုးသားသွေးဌာနမှတာ၀န်ခံဆရာ၀န်များနှင့်ကျန်းမာရေး၀န်ထမ်းများက သွေးအမျိုးအစားခွဲပေးခြင်း၊ကျန်းမာရေးဆိုင်ရာများစစ်ဆေးပေးခြင်းတို့ကိုကူညီဆောင်ရွက်ပေးကြသည်။
ယင်းနောက် သွေးလှူရှင်များသွေးလှူဒါန်းနေမှုကိုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများနှင့်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်ဗဟိုအလုပ်အမှုဆောင်များကကြည့်ရူအားပေးကြပြီးသွေးလှူရှင်များအားအဟာရပြည့်စွက်စာများပေးအပ်ကြသည်။
ယနေ့သွေးလှူဒါန်းကြသည့်သွေးလှူရှင်(၁၅၀)ဦးအား၊တိုင်း ဒေသကြီးအစိုးရမှကြက်ဥ၊အားဖြည့်အချိုရည်၊ငှက်ပျောသီး၊သောက်ရေသန့်အစရှိသည့်ဖြည့်စွက်အစားအစာများလှူဒါန်းခဲ့ပြီး၊အပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှတီရှပ်အင်္ကျီများ၊အားဖြည့်အချိုရည်များ၊ကြက်ဥအစရှိသည့်အာဟာရအစားအစာများနှင့်ဘာသာပေါင်းစုံ(ဟိန္ဒူဘာသာအစုအဖွဲ့)ရန်ကုန်တိုင်းဒေသကြီးအလုပ်အမှုဆောင်များက နေ့လယ်စာကြက်သား ပဲထောပတ်ထမင်းနှင့်ရေသန့်ဗူးများပေးအပ်လှူဒါန်းခဲ့ကြသည်။
#ပြန်ကြားရေးမှူး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069