မြန်မာ-ဂျပန်စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန်-ဇူလိုင်(၂၉)။ ။ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှကျင်းပသည့် မြန်မာ-ဂျပန်စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်မိုးကောင်းလမ်းရှိမြဝတီမီဒီယာစင်တာ၌ကျင်းပသည်။
အခမ်းအနားသို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးတင်ကိုကို၊သာသနာရေးဦးစီးဌာန ညွှန့်ကြာရေးမှူးချုပ် ဦးစိုးမင်းထွန်းနှင့်တာဝန်ရှိသူများ၊ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ဥက္ကဌဦးဝဏ္ဏနှင့်ဗဟိုတာဝန်ရှိသူများ၊ဂျပန်နိုင်ငံ INGO peace ဥက္ကဌ Mr. Nakazawa Hiroyuki နှင့်တာဝန်ရှိသူများနှင့်ဂျပန်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင်ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ဥက္ကဌဦးဝဏ္ဏကမြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးသည် သမိုင်းကြောင်းခိုင်မာသော အခြေခံအုတ်မြစ်ရှိပြီး စီးပွာရေးဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးနယ်ပယ်အသီးသီးတို့တွင် နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ယနေ့တိုင်ရှင်သန်ဖွံ့ဖြိုးလျက်ရှိနေပါကြောင်း၊ ချစ်ကြည်ရေးနှင့်စီပွားရေးပူးပေါင်းဆောင်ရွက်မှုများ ထာဝရစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဖြင့်ပြောကြားသည်။
ထို့နောက်ဂျပန်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင် Mr. Kuwahara Toshihisa နှင့် Mrs. Tokuda Hitomiတို့ကနှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ယင်းနောက်ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ဥက္ကဌကဂျပန်နိုင်ငံ INGO peace ဥက္ကဌ Mr. Nakazawa Hiroyukiအားအမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီးလက်ဖက်ရည်ဝိုင်းဖြင့်တည်ခင်းဧည့်ခံပါသည်။
ညနေပိုင်းတွင်ဂျပန်နိုင်ငံမှ ဧည့်သည်များသည် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော်ပြီး အတော်ငွေ (၁၀)သိန်းကျပ် လှူဒါန်းခဲ့ကြပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069