မဟာသင်္ကြန်အတက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးမှ ဘာသာကြီး(၄)ရပ်စုပေါင်း၍ ဘုရားဖူးပြည်သူများအား စတုဒိသာကျွေးမွေးလှူဒါန်မှုအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ လာရောက်အားပေးချီးမြှင့်
၂၀၂၆ ခုနှစ်၊ ဧပြီ (၁၆)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သည် မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊၂၀၂၆ခုနှစ်ဧပြီလ(၁၆)ရက်၊မဟာသင်္ကြန်အကြတ်နေ့မနက် (၈း၃၀)အချိန်တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မိသားစုများ၏မဟာသင်္ကြန်ကာလစတုဒိသာအလှူမင်္ဂလာကို ရွှေတိဂုံစေတီတော်(အနောက်ဘက်မုဒ်)ယာဥ်ရပ်နားဝင်း၌ စတုထ္ထနေ့အဖြစ်စတုဒိသာများဆက်လက်ကျွေးမွေးလှူဒါန်းသည်။ မဟာသင်္ကြန်စတုဒိသာအလှူမင်္ဂလာပွဲသို့ရန်ကုန်တိုင်းဒေသကြီး၊အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ဗဟို ဥက္ကဋ္ဌဦးဝဏ္ဏ၊ဗဟို နာယက ဒေါက်တာညွန့်လှ၊ဒုတိယ ဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ဗဟို အတွင်းရေးမှူးများဖြစ်သည့် ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ဦးစောဂျွန်(ခရစ်ယာန်ဘာသာ)၊ဦးခင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊ဗဟိုဘဏ္ဏာငွေရှာဖွေရေးကော်မတီအတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊ ဗဟိုအတွင်းရေးမှူး(၂) ဦးရွှေမောင် (အစ္စလာမ်ဘာသာ)၊ ဗဟိုအထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့် ဒေါ်ခင်မြသွေး (အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့)၊ ဦးစိုးမိုး (လူမှုရေးရာလုပ်ငန်အဖွဲ့)၊ ရန်ကုန်တိုင်း နာယက ဦးဘနီ(ဟိန္ဒူဘာသာ)၊ ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)၊ ဦးဘာဘူလေး(ဟိန္ဒူဘာသာ)၊ ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊ အထွေထွေအတွင်းရေးမှူး ဦးဇော်ဝင်းအောင်၊ အတွင်းရေးမှူး(၂)ဦးမျိုးဇော်(ခရစ်ယာန်ဘာသာ)၊ လူငယ်ရေးရာဥက္ကဋ္ဌ ဦးထူးရဲအောင်၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များစုံညီစွာတက်ရောက်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးအား အလှူငွေကျပ်(၅၀၀၀၀၀ဝိ/)သိန်း၊ (ကျပ်သိန်းငါးဆယ်)ကျပ်တိတိအား ချီးမြှင့်လှူဒါန်းရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လက်ခံရယူ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ဘုရားဖူးလာကြသောပြည်သူများအား စတုဒိသာများကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ယနေ့မဟာသင်္ကြန်အတက်နေ့၌ဘုရားဖူးလာကြသောပြည်သူ(၂၅၀၀)ဦးခန့်အား သက်သတ်လွတ် သီးစုံဒံပေါက်စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။
#ပြန်ကြားရေး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069