ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှ ဧရာဝတီတိုင်း၊ ရေဘေးကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေ ပေးအပ်လှူဒါန်း

၂၀၂၆ ခု သြဂုတ်(၁၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဌကြီးဦးဝဏ္ဏ ဦးဆောင်သော အဖွဲ့သည် နံနက် (၁၀း၃၀)နာရီအချိန်တွင် ပုသိမ်မြို့သို့ ရောက်ရှိခဲ့ပြီးဧရာဝတီတိုင်း၊ရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရေးအတွက် အလှူငွေကျပ်သိန်းတရာတိတိ အား ပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်း၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွန့်နှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။

ထိုနောက် ဧရာဝတီတိုင်း၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ဥက္ကဌ ဦးမောင်မောင်နှင့်အလုပ်အမှူဆောင်အဖွဲ့ မှ ကြိုဆိုဧည့်ခံပြီး ရင်းနှီးစွာတွေ့ဆုံ နူတ်ဆက်၍ မွန်းလွဲ(၁၂း၃၀) နာရီ အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069