ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဦးဆောင်သောအဖွဲ့၊ရှမ်းပြည်နယ်(ဟိန္ဒူဘာသာ) အားပြန်လည်ဖွဲ့စည်း၍တာဝန်ပေးအပ်

၂၀၂၆ခုနှစ်၊စက်တင်ဘာလ၊(၂၉)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဆောင်သောတာဝန်ရှိသူများအဖွဲ့သည် ၂၀၂၆ခုနှစ်၊စက်တင်ဘာလ၊(၂၉)ရက်၊နေ့လယ်(၂:၃၀)အချိန်က၊တောင်ကြီးမြို့၊မြို့မရပ်၊တူးမောင်းလမ်းရှိ ဆရီဆပ်သာနာရာန်း(ဟိန္ဒူ)ဘုရားကျောင်း၌ရှမ်းပြည်နယ်(ဟိန္ဒူဘာသာ)အလုပ်အမှုဆောင်ရွေးချယ်တာဝန်ပေးအပ်ခြင်းအစည်းအဝေးအခမ်းအနားအားကျင်းပဆောင်ရွက်ခဲ့သည်။
ဦးစွာ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ အဖွင့်အမှာစကားပြောကြား၍ အဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းများအားရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)က၊မိမိတို့ဘာသာနှင့်ပတ်သက်သည်များကိုရှင်းလင်ပြောကြားကာ၊ရှမ်းပြည်နယ်(ဟိန္ဒူဘာသာ)အဆိုပြု အမည်စာရင်းနှင့်အလုပ်အမှုဆောင်ရွေးချယ်မှုအား၊အများပွင့်လင်းမြင်သာစွာအဆိုပြုထောက်ခံကြသူများအား အမည်စာရင်းအလိုက် တာဝန်ပေးအပ်ခဲ့သည်။အဆိုပြုရွေးချယ်ခံအမည်ရှင်များအဖြစ်၊ရှမ်းပြည်နယ်(ဟိန္ဒူဘာသာ)နာယက အဖြစ် ဦးစိုးဝင်း၊(ဟိန္ဒူဘာသာ)ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးမြင့်လွင်၊(ဟိန္ဒူဘာသာ)အတွင်းရေးမှူး အဖြစ် ဦးရာဂျစ်(ရှ်)အား အများ(ဆန္ဒ)အရရွေးချယ်တင်မြှောက်တာဝန်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဦးနေဝင်းထွေး၊ဒုတိယ ဥက္ကဋ္ဌ များဖြစ်သည့် ဦးအောင်ကြီး(ခရစ်ယာန်ဘာသာ)၊ဦးအုန်းမောင်(အစ္စလာမ်ဘာသာ)အထွေထွေအတွင်းရေးမှူး ဦးဝင်းမောင်၊အတွင်းရေးမှူး ဦးစိုးစိုးငယ်(အစ္စလာမ်ဘာသာ)၊ဘဏ္ဏာရေးမှူး ဦးနေမျိုး၊ပြန်ကြားရေးမှူး ဦးအောင်နိုင်ထွေး၊ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊တောင်ကြီးခရိုင် ဥက္ကဋ္ဌဦးစိုးဝင်း၊ကလောခရိုင် ဥက္ကဋ္ဌ ဦးအေးလွင်ဦး၊ခရိုင်များမှအလုပ်
အမှုဆောင်အဖွဲ့ဝင်များ၊ဟိန္ဒူဘာသာဝင်များ၊ဖိတ်ကြားထားသူများ၊တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069