ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)မှကြီးမှူး ၍၊ဘာသာကြီး(၄)ရပ်မှ စုပေါင်းဝါဆိုသင်္ကန်းအား၊ မှော်ဘီခရိုင်၌ ဆက်ကပ်လှူဒါန်း၊
၂၀၂၆ခုနှစ်၊ဩဂုတ်လ၊(၂၂)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှကြီးမှူး၍၊ဘာသာကြီး(၄)ရပ်က စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ၂၀၂၆ခုနှစ်၊ဩဂုတ်လ၊(၂၂)ရက်၊နံနက်(၁၀:၀၀) နာရီအချိန်က၊ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၊ပြည်လမ်းမကြီးဘေး၊တပ်ကြီးကုန်းကျေးရွာအုပ်စုရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ဖွင့်လှစ်ကာ၊ရန်ကုန်တိုင်းဒေသကြီး၊အကျိုးတော်ဆောင်၊ သာသနာ့ဝန်ဆောင်ကျောင်း ဆရာတော် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတဘဒ္ဒန္တ စန္ဒာသီရိ၊အရှင်သူမြတ်ထံမှ ငါးပါးသီလဆောက်တည်ခံယူကြပြီးစုပေါင်းဝါဆိုသင်္ကန်းအားဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ ကသာသနာရေးဆိုင်ရာများအားလျှောက်ထားတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊အကျိုးတော်ဆောင်၊သာသနာ့ဝန်ဆောင်ကျောင်းဆရာတော်အရှင်သူမြတ်ထံမှရေစက်ချအနုမောဒနာရေစက်ချ ပရိတ်တရားတော်နာယူခဲ့ကြသည်။
အခမ်းအနားသို့ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယဥက္ကဋ္ဌ ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊ဗဟို အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ဗဟို အတွင်းရေးမှူး(၁)ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်မြသွေး၊ဗဟို ဘဏ္ဏာရေးမှူး ဦးမြင့်ဆန်း၊ ဗဟို(ပြန်ကြားရေးမှူး)ဦးမျိုးဇေယျာ၊ဗဟို အထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးများဖြစ်သည့် ဒေါ်ခိုင်မွန်မွန်ကို(ဗုဒ္ဓဘာသာ)၊ဒေါ်စန်းနွယ်နု(ဟိန္ဒူဘာသာ)၊ဒေါ်မင်းမင်းသန်း(အစ္စလာမ်ဘာသာ)၊ဘဏ္ဏာ ရေးမှူးဒေါ်လဲ့လဲ့ခိုင် နှင့်အဖွဲ့ဝင်များ၊ရန်ကုန်တိုင်းဒေသကြီး၊ဒုတိယ ဥက္ကဋ္ဌ ဦးစိန်လှိုင်၊အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏကိုရန်ကုန်တိုင်း ၊အထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြင့်ဉ္ဇူမော်နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မှော်ဘီခရိုင် ဥက္ကဋ္ဌဦးသန့်ဇော်မင်းထိုက်နှင့်ကျန်ခရိုင်များမှ ခရိုင်ဥက္ကဋ္ဌများ၊မှော်ဘီခရိုင် ဒုတိယ ဥက္ကဋ္ဌများ၊အထွေထွေအတွင်းရေးမှူးနှင့်အတွင်းရေးမှူးများ၊အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မှော်ဘီမြို့နယ် ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌများ၊အထွေထွေအတွင်းရေးမှူးနှင့်အတွင်းရေးမှူးများ၊လုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
#ပြန်ကြားရေးမှူး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069