ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊သင်္ဃန်းကျွန်းခရိုင်မှရေဘေးအလှူငွေပေးအပ်ပွဲကျင်းပ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊သင်္ဃန်းကျွန်းခရိုင်နှင့်မြို့နယ်များမှ ဧရာဝတီတိုင်း၊ရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား အား ယနေ့ နေလည် ၁၃း၃၀ နာရီ အချိန်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ကမ်းနားလမ်းရှိ ဗဟို(ဘသည)
အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနား သို့ ဗဟိုဥက္ကဌဦးဝဏ္ဏ၊ ဗဟိုဒုတိယဥက္ကဌ ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ) ဗဟိုအထွေထွေအတွင်းရေးမှူးဦးသန့်ဇင်လှိုင်၊ အတွင်းရေးမှူး (၁) ဦးဇော်မိုးအောင်၊
ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာ ဥက္ကဌဒေါ်ခင်မြသွေး နှင့် ဗဟိုအလုပ်အမှူဆောင်အဖွဲ့၊ရန်ကုန်တိုင်းဒုတိယဥက္ကဌ ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)၊ တိုင်းအထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏကို နှင့် တိုင်းအလုပ်အမှူဆောင်များ၊သင်္ဃန်းကျွန်းခရိုင်ဥက္ကဌဦးကျော်စည်သူ၊ ခရိုင်ဒုဥက္ကဌဦးစံရှိန်၊ (ဗုဒ္ဓဘာသာ) ခရိုင်ဒုဥက္ကဌ ဦးထွန်းထွန်း(ဟိန္ဒူဘာသာ) နှင့်ခရိုင်အလုပ်အမှူဆောင်များ၊ရန်ကင်းမြို့နယ်ဥက္ကဌဦးတင့်လွင်နှင့်အလုပ်အမှူဆောင်များ၊တ/ဥမြို့နယ်မှအလုပ်အမှူဆောင်များတက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ဗဟိုဥက္ကဌကြီး ဦးဝဏ္ဏ မှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ဥက္ကဌ ဦးကျော်စည်သူ မှ ရေဘေးအလှူငွေ ကျပ်သိန်းတရာတိတိ အား ပေးအပ်လှူဒါန်းရာ ဗဟိုဥက္ကဌကြီး ဦးဝဏ္ဏ မှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ခရိုင်ဥက္ကဌ ဦးကျော်စည်သူ က ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ၁၄း၀၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069