ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ရှမ်းပြည်နယ်မှ တောင်ကြီးမြို့၌ ဘာသာကြီး(၄)ရပ် ၄ လပတ် တွေ့ဆုံပွဲအစည်းအဝေးကျင်းပ

၂၀၂၆ခုနှစ်၊ဇူလိုင်လ၊(၁၄)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ရှမ်းပြည်နယ်မှ တောင်ကြီးမြို့၌ဘာသာကြီးလေးရပ် “ (၄)လပတ် တွေ့ဆုံပွဲ” အစည်းအဝေးအား၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊နံနက် (၁၀:၀၀)နာရီအချိန်ကတောင်ကြီးမြို့၊ညောင်ရွှေဟော်ကုန်းရပ်၊ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိမြို့ဦးဗလီ(ခန်းမ)၊၌ ကျင်းပခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဦးနေဝင်းထွေးမှ အဖွင့်အမှာစကားပြောကြားသည်။ဒုတိယဥက္ကဋ္ဌများနှင့်အထွေထွေအတွင်းရေးမှူးနှင့်အတွင်းရေးမှူးများကလုပ်ငန်းကိစ္စများအားတင်ပြဆွေးနွေးကာတက်ရောက်လာကြသူများမှသိလိုဖွယ်ရာများအားမေးမြန်းတင်ပြကြသည်။
အစည်းအဝေးသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့၊(ရှမ်းပြည်နယ်)ဥက္ကဋ္ဌဦးနေဝင်းထွေး၊ပြည် နယ်ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျော်ကျာ်ထက် (ဗုဒ္ဓဘာသာ)၊ဦးအောင်မြင့်(ဟိန္ဒူဘာသာ)၊၊ဦးအောင်ကြီး(ခရစ်ယာန်ဘာသာ)၊ဦးအုန်းမောင်(အစ္စလာမ်ဘာသာ)၊ပြည်နယ်အထွေထွေအတွင်းရေးမှူး ဦးဝင်းမောင်၊ပြည်နယ်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးထွန်းထွန်းဖြိုး(ဟိန္ဒူဘာသာ)၊ဦးတန်ဂွန်း(ခရစ်ယာန်ဘာသာ)၊ဦးစိုးစိုးငယ်(အစ္စလာမ်ဘာသာ)၊ပြည်နယ်ဘဏ္ဍာရေးမှူး ဦးနေမျိုး ၊တောင်ကြီး ခရိုင်ဥက္ကဋ္ဌ ဦးစိုးဝင်း၊ခရိုင်ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျော်သူထွန်း(ဗုဒ္ဓဘာသာ)၊ဒေါက်တာ ဂျော်နီ(ခရစ်ယာန်ဘာသာ)၊ဦးစိုးလင်း(အစ္စလာမ်ဘာသာ)၊၊ခရိုင်အထွေထွေအတွင်းရေးမှူး ဦးစိုးသင်း၊ခရိုင်အတွင်းရေးမှူး ဒေါ်အေးအေးသန့်(ဗုဒ္ဓဘာသာ)၊တောင်ကြီးမြို့နယ် ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးမြင့်လွင်(ဟိန္ဒူဘာသာ)၊ဒေါ်မျိုးနွယ်စီ(ခရစ်ယာန်ဘာသာ)၊မြို့နယ်အတွင်းရေးမှူးဦးရာဂျစ်(ဟိန္ဒူဘာသာ)၊ရှမ်းပြည်နယ် အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့်ဒုတိယဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊ရွှေညောင်မြို့နယ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့်ဒေါ်နော်ဟဲထူး (ခရစ်ယာန်ဘာသာ)၊ဦးတင်ကိုဦး(အစ္စလာမ်ဘာသာ)၊အတွင်းရေးမှူး ဦးစိုးခိုင်(အစ္စလာမ်ဘာသာ)၊ပြည်နယ်၊ခရိုင်၊မြို့နယ်တို့မှ အလုပ်အမှု့ဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့နောက် ပြည်နယ် ဥက္ကဋ္ဌမှ တက်ရောက်လာကြသူများ၏တင်ပြဆွေးနွေးမှုများအပေါ်ပြန်လည်ဖြည့်စွက်ရှင်းလင်းမှာကြား၍ နှုတ်ခွန်းဆက်စကားပြောကြားကာအခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့ကြောင်းသိရသည်။

#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069