ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏ ၅/၂၀၂၆ (ဗဟို) အလုပ်အမှုဆောင်အစည်းအဝေးကျင်းပ

၂၀၂၆ခုနှစ်၊မေလ၊(၂၃)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏၅/၂၀၂၆ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအား ၂၀၂၆ ခုနှစ်၊မေလ(၂၃)ရက်နေ့လယ်(၁၃:၃၀)အချိန်က ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားသည်။
ဦးစွာဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များ၏၅/၂၀၂၆လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအားProjectorဖြင့်(ဗဟို)ဥက္ကဋ္ဌကရှင်းလင်းပြောကြား၍တက်ရောက်လာကြသူများမှ သိလိုဖွယ်ရာများမေးမြန်းခြင်း၊သက်ဆိုင်ရာ ကော်မတီများနှင့်ရေးရာလုပ်ငန်းအဖွဲ့များ၏တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေမှုများနှင့်ဆောင်ရွက်ပြီးစီးမှုများအားတင်ပြဆွေးနွေးကြသည်။
အခမ်းအနားသို့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ ထွေထွေအတွင်းရေးမှူးဦးသန့်ဇင်လှိုင်၊အတွင်းရေးမှူး(၁)များဖြစ်သည့် ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ဦးစောဂျွန်(ခရစ်ယာန်ဘာသာ)၊ဦးခင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊ဘဏ္ဏာငွေရှာဖွေရေးကော်မတီအတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊စည်းရုံးရေးရာကော်မတီအတွင်းရေးမှူးဦးကျော်မြင့်ဦး၊ဗဟိုအထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ များဖြစ်သည့်ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်း)၊ဦးစိုးမိုး(လူမှုရေးရာလုပ်ငန်း)၊ဒေါက်တာ မျိုးဝင်း(ဥပဒေရေးရာလုပ်ငန်း)၊ဗဟိုဘဏ္ဏာရေးမှူး ဦးမြင့်ဆန်း၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို စီမံကိန်း/လုပ်ငန်းစီမံ အတွင်းရေးမှူး ဦးလှကြူ၊ဗဟို အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက်(ဗဟို)ဥက္ကဋ္ဌမှတာဝန်ရှိသူများ၊တက်ရောက်လာကြသူများ၏ သိလိုဖွယ်ရာများအားမေးမြန်းမှုများအပေါ် ပြန်လည်ရှင်းပြပြီး၊လိုအပ်သည်များကိုဖြည့်စွက်မှာကြားကာ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့သည်။

#ပြန်ကြားရေး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069