ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို/တိုင်း/ခရိုင်/မြို့နယ် ဟိန္ဒူဘာသာဝင် အလုပ်အမှုဆောင်များ စုံညီတွေ့ဆုံပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ဧပြီလ၊(၂၉)ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို/တိုင်း/ခရိုင်/မြို့နယ် ဟိန္ဒူဘာသာဝင် အလုပ်အမှုဆောင်များ စုံညီတွေ့ဆုံပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ဧပြီလ၊(၂၉)ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟိုနာယက ဒေါက်တာလှထွန်း၊ဗဟိုဒုတိယဥက္ကဋ္ဌဦးကျော်ဇင်လတ်၊ဗဟို အတွင်းရေးမှူး(၁)ဦးကြည်စိုးဝင်း၊ဗဟိုအတွင်းရေးမှူး(၂)ဦးတင်မောင်လတ်နှင့်ဗဟိုအလုပ်အမှုဆောင်များ၊ရန်ကုန်တိုင်းအလုပ်အမှုဆောင်များဖြစ်ကြသည့် နာယက ဦးဘနီ၊ဒုတိယဥက္ကဋ္ဌဦးဘာဘူလေး၊အတွင်းရေးမှူးဦးမျိုးဝင်းနှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်အသီးသီးနှင့်မြို့နယ်များမှအလုပ်အမှုဆောင်များတက်ရောက်ကြသည်။

အခမ်းအနားတွင်ဗဟိုဥက္ကဋ္ဌဦးဝဏ္ဏနှင့်ဗဟိုနာယဒေါက်တာလှထွန်းတို့ကအဖွင့်အမှာစကားပြောကြားပြီး၊ဗဟိုဒုတိယဥက္ကဋ္ဌ ဦးကျော်ဇင်လတ်အတွင်းရေးမှူး (၁)ဦးကြည်စိုးဝင်း၊အတွင်းရေးမှူး(၂)ဦးတင်မောင်လတ်တို့ကဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက မိတ်ဆက်စကားပြောကြားခြင်း၊ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ပြီး ဗဟိုဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် မွန်းလွဲ (၃း၂၀)အချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။

#ဘသည(ရကတ)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069