ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဗဟိုစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးပွဲကျင်းပ
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၈)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဗဟိုစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးပွဲအား၊၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၈)ရက်က ဗဟို အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏကအဖွင့်အမှာစကားပြောကြားပြီး၊ဆုပေးပွဲကျင်းပနိုင်ရေးနှင့်၂၀၂၆ခုနှစ်၊ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအား ဆောင်ရွက်ရမည့် ဆောင်ရွက်မှုများအားရှင်းလင်းပြောကြားသည်။သက်ဆိုင်ရာဘာသာများမှ ဗဟို ဒုတိယ ဥက္ကများနှင့်တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုများနှင့်ဆောင်ရွက်နေသောလုပ်ငန်းများအလိုက်ဆောင်ရွက်နေမှုများအားတင်ပြဆွေးနွေးကြသည်။
အခမ်းအနားသို့ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ဗဟို စည်းရုံးရေးရာကော်မတီအတွင်းရေးမှူးများဖြစ်သည့် ဦးသန့်ဇင်လှိုင် (ဗုဒ္ဓဘာသာ)၊ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမိုး၊ ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ဗဟို အထောက်အကူပြု လူငယ်ရေးရာ ဥက္ကဋ္ဌ ဦးဝင်းကျော်စွာ၊ဗဟို စာရင်းစစ်ဦးလှကျော်၊ဗဟို (ပြန်ကြားရေးမှူး)ဦးမျိုးဇေယျာ၊ ဗဟို အထောက်အကူပြု လူမှုရေးရာလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးရန်ဝင်းခန့်၊ဗဟို အထောက်အကူပြု ပြန်ကြားရေးလုပ်ငန်း တာဝန်ခံ ဦးမြင့်ဆန်း (ဗုဒ္ဓဘာသာ)၊ဗဟို(ရုံး)မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Central Management Committee Meeting of the Myanmar Interfaith Dialogue Organizations (Central)
October 8, 2025
The Central Management Committee Meeting of the Myanmar Interfaith Dialogue Organizations (Central) was held on October 8, 2025, at the Central Meeting Hall.
At the opening of the meeting, U Wanna, Chairman of the Myanmar Interfaith Dialogue Organizations (Central), delivered the opening remarks, providing guidance on preparations for the upcoming award ceremony and the publication of the 2026 calendar.
Deputy Chairpersons and responsible officials from various faiths presented updates on their respective completed and ongoing activities, followed by an open discussion on future implementation plans.
The meeting was attended by:
U Wanna, Chairman of the Myanmar Interfaith Dialogue Organizations (Central)
U Zaw Zaw Naing (Hindu), Dr. Tu Tu (Christian), and U Aung Zaw Win (Islam), Deputy Chairpersons (Central)
U Than Zin Hlaing (Buddhist) and U Kyaw Myint Oo (Christian), Secretaries of the Central Organizing Committee
U Soe Moe, Secretary of the Central Fundraising Committee
Daw Khin Myat Swe, Chairperson of the Central Women’s Support Committee
U Win Kyaw Swar, Chairman of the Central Youth Support Committee
U Hla Kyaw, Central Auditor
U Myo Zeya, Central Information Officer
U Yan Win Khant, Secretary of the Central Social Support Committee
U Myint San (Buddhist), Head of the Central Public Relations Support Committee
And other responsible officers from the Central Office.
#CentralInformation
#MyanmarInterfaithDialogueOrganizations
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069