ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)၊(၉/၂၀၂၅)အလုပ်အမှူဆောင် အစည်းအဝေးကျင်းပ

၂၀၂၅၊ စက်တင်ဘာလ (၂၇)ရက်

ရန်ကုန်တိုင်း ဒေသကြီးသင်္ဃန်းကျွန်းခရိုင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၏(၉/၂၀၂၅)အလုပ်အမှူဆောင် အစည်းအဝေးကို ၂၀၂၅ခုနှစ်၊စက်တင်ဘာလ၊(၂၇)ရက်နေ့လယ် (၁၄း၃၀) နာရီ အချိန်တွင်ရန်ကင်းမြို့နယ်၊၁၂ရပ်ကွက်၊ကံဘဲ့ဘူတာရုံလမ်းရှိစရီစီဝဲ စူပရာမန်းနီး ထေဆွာမိ ဘုရားကျောင်း၊မင်္ဂလာဓမ္မာရုံတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်နာယကကြီး ဦးဘနီ(ဟိန္ဒူဘာသာ)မှအဖွင့်နုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ခရိုင်ဥက္ကဋ္ဌဦးကျော်စည်သူမှအဖွင့်အမှာစကားပြောကြားခဲ့သည်။
ထိုနောက် မကြာမှီ ကျင်းပပြုလုပ်မည့် တတိယအကြိမ်ဟိန္ဒူရိုးရာဒီပါဝလီဆီမီးထွန်းပွဲတော်ကိုအောင်မြင်ခန်းနားစွာကျင်းပပြုလုပ်နိုင်ရေးအတွက်တက်ရောက်လာကြသော ဟိန္ဒူဘာသာဝင် နာယက၊ဒုတိယဥက္ကဋ္ဌများ၊အလုပ်အမှူဆောင်များနှင့်စုပေါင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဒုတိယဥက္ကဋ္ဌများနှင့်အလုပ်အမှူဆောင်များ၏အထွေထွဆွေးနွေးတင်ပြမှုအပေါ် ခရိုင်ဥက္ကဋ္ဌဦးကျော်စည်သူ မှ ပြန်လည်ရှင်းလင်း၍နိဂုံး ချုပ်အမှာစကားပြောကြားကာအခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။

#ပြန်ကြားရေး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Republic of the Union of Myanmar
Myanmar Interfaith Dialogue Organizations (Thingangyun District)
Executive Committee Meeting (9/2025)

September 27, 2025

The Executive Committee Meeting (9/2025) of the Yangon Region, Thingangyun District Myanmar Interfaith Dialogue Organizations was convened on September 27, 2025, at 2:30 PM, at Mingala Dhamma Hall, Shri Siwe Suparamanee The Swami Monastery, located on Kambeth Station Road, Ward 12, Yankin Township.
The meeting commenced with opening remarks delivered by District Patron U Banee (Hindu faith), followed by opening guidance from District Chairman U Kyaw Zeya.
Subsequently, discussions were held with Hindu religious leaders, Vice-Chairpersons, and executive members regarding the successful and dignified organization of the upcoming Third Traditional Hindu Diwali Festival of Lights.
Further, District Vice-Chairpersons and executive members presented general matters for discussion. District Chairman U Kyaw Zeya provided clarifications and delivered concluding remarks, formally bringing the meeting to a close.

#PublicRelations (Central)
#MyanmarInterfaithDialogueOrganizations

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069