နှစ်(၁၅၀၁)ပြည့် တမန်တော်မွေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ပြည်ထောာင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌနှင့်အဖွဲ့တက်ရောက်

၂၀၂၆ခုနှစ်၊သြဂုတ်လ၊(၂၉)ရက်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဇဖာရ်ရှားဂူဗိမာန်တွင် ၂၀၂၆ခုနှစ်၊ဩဂုတ်လ၊(၂၉)ရက်နံနက်(၉:၃၀)အချိန်၌ နှစ်(၁၅၀၁)ပြည့် တမန်တော်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် နှစ်(၁၅၀၁)ပြည့် တမန်တော်မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခင်မှအဖွင့်အမှာစကားပြောကြားပြီး၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်ကျင်းပရေးကော်မတီတာဝန်ရှိသူများမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့(ဖိတ်ကြားချက်အရ)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊ဗဟိုအထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ဗဟိုအတွင်းရေးမှူး(၁)ဦးဇော်မိုးအောင်၊ဗဟို(ပြန်ကြားရေးမှူး)ဦးမျိုးဇေယျာ၊ရန်ကုန်တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)၊ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏကို၊အတွင်းရေးမှူးဦးကျော်ဝင်း(အစ္စလာမ်ဘာသာ)၊အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069