တာမွေမြို့နယ်၊ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့်ဇွဲတက်ဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ အသက်မွေးမှူ ပညာရပ်ဆိုင်ရာသင်တန်းဖွင့်ပွဲကျင်းပ
သင်္ဃန်းကျွန်းခရိုင်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူး၍ တာမွေမြို့နယ်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် ဇွဲတက်ဖောင်ဒေးရှင်းတို့မှပူးပေါင်းဖွင့်လှစ်သောအသက်မွေးမှူပညာရပ်ဆိုင်ရာ သင်တန်းဖွင့်ပွဲအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ နံနက်(၀၉း၃၀ )နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိဗာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်ဥက္ကဌဦးကျော်စည်သူ၊ ခရိုင်သာသနာရေးမှူးဒေါ်ဆွေမာချို၊ ဇွဲတက်ဖောင်ဒေးရှင်းဥက္ကဌ ဦးစိုးပိုင်၊ခရိုင်ဘာသာပေါင်းစုံအလုပ်အမှူဆောင်များ၊မြို့နယ်အသီးသီးမှဘာသာပေါင်းစုံဥက္ကဌများနှင့်အလုပ်အမှူဆောင်များ၊သင်တန်းသား၊သင်တန်းသူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ဥက္ကဌဦးကျော်စည်သူမှအဖွင့်အမှာစကားပြောကြား၍ဇွဲတက်ဖောင်ဒေးရှင်းဥက္ကဌ ဦးစိုးပိုင်မှ သင်တန်းကုန်ကျစရိတ်နှင့်လှူဒါန်းရခြင်းအပေါ်ရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက်အလှူရှင်များမှအလှူငွေပေးအပ်လှူဒါန်းခြင်း ၊ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းများပြုလုပ်ကျင်းပခဲ့ပါသည်။
ဆက်လက်၍ W.COMပညာဒါနသင်တန်းဥက္ကဌ ဆရာဦးဝဏ္ဏထွန်းမှ သင်ကြားမည့် ဘာသာရပ်များအကြောင်းအား ဆွေးနွေးတင်ပြပြီး၊ တာမွေမြို့နယ်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲခေါင်မှ ကျေးဇူးတင်စကားပြောကြား၍ နံနက် (၁၀း၃၀) နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးမြောက်ခဲ့သည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069