ငြိမ်းချမ်းရေးဆုတောင်းခြင်းနှင့်ဩဝါဒခံယူပွဲကျင်းပ
၂၀၂၆ခုနှစ်၊မေလ၊(၁၅)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဆုတောင်းခြင်းနှင့်သြဝါဒခံယူပွဲအခမ်းအနားအား၂၀၂၆ ခုနှစ်၊ မေလ (၁၅)ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်တွင်ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိမဟာဗောဓိပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မဟာဗောဓိပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ဆရာတော်ဘဒ္ဒန္တနန္ဒကမှငြိမ်းချမ်းရေးသြဝါဒတရားချီးမြှင့် ဟောကြားသည်။
အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊အတွင်းရေးမှူး(၁)များဖြစ်ကြသည့် ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ဦးခင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊ဗဟိုဘဏ္ဍာငွေရှာဖွေရေးကော်မတီအတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊ဗဟို အထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ဗဟို ဘဏ္ဍာရေးမှူး ဦးမြင့်ဆန်း၊အစ္စလာမ်ဘာသာဝင်ဧည့်သည်တော် ဦးဌေးအောင်၊ရန်ကုန်တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)၊ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊အတွင်းရေးမှူး ဦးကျော်ဝင်း(အစ္စလာမ်ဘာသာ)ဗဟို/တိုင်း/ခရိုင်/မြို့နယ်များမှ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ ဆက်ကပ်လှူဒါန်းကာကုသိုလ်အစုစုအတွက်ရေစက်သွန်းချအမျှဝေပြီးအခမ်းအနားအားဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုပြီးအခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069