ဗုဒ္ဓပူဇနိယပွဲ‌တော်နှင့်စန္ဒီမယ်တော်ပူဇော်ပွဲကျင်းပ

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၁)ရက်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်ပုသိမ်မြို့အမှတ်(328)ဗိုလ်ဗ‌ဌေးလမ်းတွင်ဟိန္ဒူဘာသာဝင်များ၏(သူရဿတီ)မယ်တော်ဘူရားကျောင်း၌ပြုလုပ်သောဗုဒ္ဓပူဇနိယနှင့်စန္ဒီမယ်တော်ပူဇော်ပွဲကို ၂၀၂၅ခုနှစ်၊အောက်တိုဘာ(၁)ရက်နေ့နံနက်ပိုင်းတွင်ကျင်းပသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်း‌ဒေသကြီးဘာသာပေါင်းစုံဥက္ကဋ္ဌ ဦးမောင်မောင်၊ဒုတိယဥက္ကဋ္ဌဦးသန်းဝင်း(ဗုဒ္ဓဘာသာ)၊အတွင်းရေးမှူးများဖြစ်သည့်ဦးနိုင်အောင်(ဟိန္ဒူဘာသာ)၊ဦးစောရူဘင်(ခရစ်ယာန်ဘာသာ)၊ဟာဂျီ ဦးဇော်နိုင်(အစ္စလာမ်ဘာသာ)၊နှင့်ပုသိမ့်ခရိုင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်များစုစုပေါင်း(15)ဦးတက်ရောက်ခဲ့သည်။
အဆိုပါပူဇော်ပွဲတော်သို့ဘာသာကြီး(၄)ရပ်မှဘာသာဝင်အသီးသီးကစုပေါင်းလှူဒါန်းငွေများအားတာဝန်ရှိသူများထံသို့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

#ပြန်ကြားရေး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Buddha Pujaniya Festival and Sandi Devi Worship Ceremony Held

1 October 2025

On 1 October 2025 (morning session), the Buddha Pujaniya Festival and the Sandi Devi Worship Ceremony were held at the Surasati Temple (Hindu), located at No. (328), Bo Bhote Street, Pathein Township, Pathein District, Ayeyarwady Region.
The ceremony was attended by officials from the Ayeyarwady Region Myanmar Interfaith Dialogue Organizations, including:
U Maung Maung, Chairman
U Than Win (Buddhism), Vice Chairman
U Naing Aung (Hinduism), Secretary
U Saw Rubin (Christianity), Secretary
Hajji U Zaw Naing (Islam), Secretary
Together with (15) executive members of the Pathein District Myanmar Interfaith Dialogue Organizations.
During the ceremony, members from all four major religions made collective cash donations, which were formally handed over to the responsible organizing officials.

#Information (Central)
#Myanmar Interfaith Dialogue Organizations

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069