ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)အလုပ်အမှုဆောင်{၇/၂၀၂၅)အစည်းအဝေးကျင်းပ

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၄)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အလုပ်အမှုဆောင်အစည်းအဝေးအမှတ်စဉ်{၆/၂၀၂၅}ကို ၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၄)ရက် နေ့လယ်(၁၃:၃၀)အချိန်တွင် ဗဟိုအစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုဥက္ကဋ္ဌဦးဝဏ္ဏ၊ဗဟို နာယကများဖြစ်ကြသော ဒေါက်တာ လှထွန်း(ဟိန္ဒူဘာသာ)၊ဒေါက်တာ ညွန့်လှ(ခရစ်ယာန်ဘာသာ)၊ဗဟို ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ဒေါက်တာ တူးတူး၊ဗဟို အထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊ဗဟို စည်းရုံးရေးရာကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဦးမင်းမင်းညွန့်(အစ္စလာမ်ဘာသာ)၊ဗဟို ဘဏ္ဏာ‌ငွေရှာဖွေရေး‌ကော်မတီ အတွင်းရေးမှူး ဦးစိုးမိုး၊ဗဟို အတွင်းရေးမှူးများဖြစ်သည့် ဦးဇော်မင်း(ဗုဒ္ဓဘာသာ)၊ ဦးတင်မောင်လတ်(ဟိန္ဒူဘာသာ)၊ဦးလှဝင်း(ခရစ်ယာန်ဘာသာ)၊ဦးမြအေး(အစ္စလာမ်ဘာသာ)၊ဗဟို အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ များဖြစ်သည့် ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့)၊ဦးဇော်မိုးအောင်(လူမှုရေးရာလုပ်ငန်းအဖွဲ့)၊ဒေါက်တာမျိုးဝင်း(ဥပဒေရေးရာလုပ်ငန်းအဖွဲ့)၊ဦးဝင်းကျော်စွာ(ခ)ကျော်စွာ(လူငယ်ရေးရာလုပ်ငန်းအဖွဲ့)၊ဗဟို ဘဏ္ဏာရေးမှူး ဦးလှကြူ၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို ပြန်ကြားရေးမှူး ဦးမျိုးဇေယျာနှင့်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ကြကာ လူမှုရေးရာလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးနေမျိုးဝင်းမှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သည်။
ဦးစွာ(ဗဟို)ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ဗဟို နာယကကြီးများက နှုတ်ခွန်းဆက်စကားများအသီးသီးပြောကြားကြသည်။
ထို့နောက် ဗဟိုဘဏ္ဏာရေးမှူးမှရ/သုံး‌ငွေစာရင်းရှင်းတမ်းအားတင်ပြပြီး၊အခမ်းအနားမှူးမှ ယခင်လ{၆/၂၀၂၅}အစည်းအဝေးဆုံးဖြတ်ချက်များအားပြန်လည်ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ (ဗဟို)ဥက္ကဋ္ဌက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရုံး)ဆောက်လုပ်ရန်မြေနေရာအားနိုင်ငံတော်အစိုးရထံပေးသွင်းရမည့်သက်မှတ်စံနှုန်းအရစ်ကျငွေပမာဏကိုသက်မှတ်အချိန်ကာလအတွင်းပေးသွင်းနိုင်ရန်အတွက် သက်ဆိုင်ရာဘာသာအလိုက်လှူဒါန်းကြမည့်အလှူငွေပမာဏများအား ဗဟို၊တိုင်း/ပြည်နယ်၊ခရိုင်၊မြို့နယ်များအလိုက် ခွဲတန်းနှုန်းထားများကိုရှင်းလင်းပြောကြားခဲ့သည်။
ထပ်မံ၍ သက်မှတ်အချိန်ကာလတွင် သက်မှတ်နေရာ၌ ဆုပေးပွဲအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက်၊လိုအပ်မည့်ကော်မတီအဖွဲ့များဖွဲ့စည်းရေး၊ဗဟိုအထောက်အကူပြုလုပ်ငန်းအဖွဲ့များအဖွဲ့ဝင်ဦးရေတိုးမြှင့်ဖွဲ့စည်းနိုင်ရေး၊မည်သည့်လုပ်ငန်းကိုမဆို စနစ်တကျဆောင်ရွက်ကြရန်နှင့်ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများအားအဖွဲ့အနေဖြင့် အရှိန်အဟုန်ဖြင့်တိုး မြှင့်တင်ဆောင်ရွက်သွားကြရန်မှာကြားသည်။
အခမ်းအနားသို့တက်ရောက်လာကြသော ဒုတိယဥက္ကဋ္ဌများ၊အထွေထွေအတွင်းရေးမှူးနှင့်အတွင်းရေးမှူးများ၊အလုပ်အမှုဆောင်များကသက်ဆိုင်ရာအလိုက်သိလိုသည်များကို ဆွေးနွေးတင်ပြမေးမြန်းကြရာ(ဗဟို)ဥက္ကဋ္ဌကတစ်ဦးချင်းအလိုက် သက်ဆိုင်ရာမေးမြန်းမှုများအပေါ်ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး၊လိုအပ်သည်များကိုဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြား၍ (၁၅:၄၅)အချိန်ခန့်တွင်အခမ်းအနားပြီးမြောက်ခဲ့သည်။

#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Republic of the Union of Myanmar
Myanmar Interfaith Dialogue Organisation
Central Executive Meeting (No. 7/2025) Held

Date: 14 July 2025

The Myanmar Interfaith Dialogue Organisation Central Executive Meeting (No. 7/2025) was held at 13:30 hours on 14 July 2025 in the Central Meeting Hall.
The meeting was attended by:

Central Chairman U Wanna
Senior Patrons Dr. Hla Htun (Hindu), Dr. Nyunt Hla (Christian)
Vice Chairmen U Zaw Zaw Naing (Hindu), U Aung Zaw Win (Islam), Dr. Tu Tu
Central General Secretary U Zwe Yan Naing
Central Organising Secretaries U Than Zinn Hlaing (Buddhist), U Kyaw Myint Oo (Christian), U Min Min Nyunt (Islam)
Finance and Fundraising Committee Secretary U Soe Moe
Secretaries U Zaw Min (Buddhist), U Tin Maung Lat (Hindu), U Hla Win (Christian), U Mya Aye (Islam)
Chairs of Central Support Committees:
Daw Khin Myat Thwe (Women’s Affairs)
U Zaw Moe Aung (Social Affairs)
Dr. Myo Win (Legal Affairs)
U Win Kyaw Swar aka Kyaw Swar (Youth Affairs)
Treasurer U Hla Kyu
Auditor U Hla Kyaw
Spokesperson U Myo Zeya
And other central executive members.
The meeting was facilitated by U Nay Myo Win, Secretary of the Social Affairs Committee.
The session began with opening remarks by Central Chairman U Wanna, followed by greetings from the senior patrons.
Subsequently, Treasurer U Hla Kyu presented the income and expenditure report. The meeting facilitator then reviewed the decisions from the previous meeting (No. 6/2025).
The Chairman then discussed the contribution plan for the installment-based payment to the Government for the plot of land where the organisation’s new office building will be constructed. He presented a breakdown of the expected donation amounts by region (central, state/region, district, and township levels) according to faith groups.
He also addressed the successful planning of a future award ceremony, formation of necessary committees, expansion of support committees, and systematic implementation of all organisational operations. He encouraged all members to intensify future efforts and continue driving progress.
During the meeting, Vice Chairmen, General Secretaries, and Executive Members actively engaged in Q&A discussions. The Chairman responded thoroughly to individual queries and gave additional guidance where necessary.
The meeting concluded with his closing remarks at approximately 15:45 hours.

#CentralCommunications
#MyanmarInterfaithDialogueOrganisation

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069