ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)၏တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ (ဗဟို)ဥက္ကဋ္ဌ တက်ရောက်
၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၄)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)၏(တတိယအကြိမ်)ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၄)ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မဟာဗောဓိပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဗဟိုစည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ဗဟိုအထောက်အကူပြု လူမှုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးဘုန်းမြင့်၊ ဒုတိယ ဥက္ကဌဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊ ဘဏ္ဍာရေးမှူးဦးဟန်ဝင်းအောင်၊ စည်းရုံးရေးရာအတွင်းရေးမှူးဦးနေဇော်၊တွဲဖက်စာရင်းစစ်ဦးအောင်ဆန်းလွင်နှင့်တိုင်းအလုပ်အမှုဆောင်များ၊ သင်္ဃန်းကျွန်းခရိုင်ဥက္ကဋ္ဌဦးကျော်စည်သူ၊ ဒုတိယဥက္ကဌဦးစံရှိန်(ဗုဒ္ဓဘာသာ)၊ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ခရိုင်အလုပ်အမှုဆောင်များ၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊သင်္ဃန်းကျွန်းမြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊(ဥက္ကဋ္ဌ)တိုင်းသံဃနာယကအဖွဲ့(ရွှေကျင်)၊ မဟာဗောဓိပရိယတ္တိစာသင်တိုက်ကြီး၏ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒကထံမှ သရဏဂုံ၊သီလဆောက်တည်ကြပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြပြီး သင်္ဃန်းကျွန်းခရိုင်ဥက္ကဋ္ဌ ဦးကျော်စည်သူမှ စာသင်သားသံဃာ/ကိုရင်အပါး(၅၀၀)အတွက် ဆွမ်းတစ်နပ်စာ ကျပ်(၄၀)သိန်းအား ဆက်ကပ်လှူဒါန်းသည်၊ ထို့နောက် အနုမောဒနာတရားနာကြားကြပြီး ကုသိုလ်အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကိုရုတ်သိမ်းပြီး သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သားသံဃာ/ကိုရင်အပါး (၅၀၀)တို့အား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Republic of the Union of Myanmar
Myanmar Interfaith Dialogue Organisation
Chairman Attends the Third Waso Robe Offering Ceremony of Thingangyun District
Date: 14 July 2025
The Myanmar Interfaith Dialogue Organisation – Thingangyun District held its Third Annual Waso Robe Offering Ceremony on the morning of 14 July 2025 at Maha Bodhi Pariyatti Monastery, located on Moe Kaung Road, Yankin Township, Yangon.
The ceremony was attended by the following officials from the Central Committee of the Myanmar Interfaith Dialogue Organisation:
Central Chairman U Wanna
Vice Chairman U Zaw Zaw Naing (Hindu)
Secretary of the Central Organising Committee U Than Zinn Hlaing
Chairwoman of the Central Women’s Affairs Support Committee Daw Khin Myat Thwe and executive members
Chairman of the Central Social Welfare Committee U Zaw Moe Aung
Yangon Region Chairman U Phone Myint
Vice Chairman U Moe Zat (Christian)
Treasurer U Han Win Aung
Organising Secretary U Nay Zaw
Joint Auditor U Aung San Lwin
And other regional executive members
From Thingangyun District, the following leaders participated:
District Chairman U Kyaw Sithu
Vice Chairman U San Shine (Buddhist)
General Secretary U Tun Tun Naing
And other district-level executive members
Township Chairpersons and Executive Members from Yankin, Tamwe, South Okkalapa, and Thingangyun also attended the ceremony.
The event was graced by Agga Maha Ganthavacaka Pandita, the Chief of the Shwe Kyin Sangha Organization, and Presiding Sayadaw of Maha Bodhi Pariyatti Monastery, Ven. Bhaddanta Nandakattha, who led the congregation in the Threefold Refuge and Five Precepts. Waso robes and monetary donations for Nawakammas (construction-related offerings) were presented.
As part of the offering, District Chairman U Kyaw Sithu donated MMK 4,000,000 to provide one meal for 500 novice/student monks.
The ceremony concluded with a sermon of Anumodana (appreciation), a merit-sharing ritual (water libation), followed by the offering of day meals to the Sangha and lunch for all invited guests.
#CentralCommunications
#MyanmarInterfaithDialogueOrganisation
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069