ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) (၃/၂၀၂၅)စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၅)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) (၃/၂၀၂၅)စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအား၊(၂၀၂၅)ခုနှစ်၊ဇူလိုင်လ၊(၅)ရက်၌ (ဗဟို)အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ ဗဟို အထွေထွေအတွင်းရေးမှူး ဦဇွဲရန်နိုင်၊ဗဟို စည်းရုံးရေးရာကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူးဦးစိုးမိုး၊ဗဟို အတွင်းရေးမှူးများဖြစ်ကြသည့် ဦးတင်မောင်လတ်(ဟိန္ဒူဘာသာ)၊ဦးမြအေး(အစ္စလမ်ဘာသာ)၊ဗဟို ဘဏ္ဏာရေးမှူး ဦးလှကြူ၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို (ပြန်ကြားရေးမှူး)ဦးမျိုးဇေယျာ၊ဗဟို အထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာမျိုးဝင်း(ဥပဒေရေးရာလုပ်ငန်းအဖွဲ့)၊ဦဇော်မိုးအောင်(လူမှုရေးရာလုပ်ငန်းအဖွဲ့)၊ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့၊ဦးဝင်းကျော်စွာ(လူငယ်ရေးရာလုပ်ငန်းအဖွဲ့၊တို့တက်ရောက်ကြသည်။
ဦးစွာ(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက အဖွင့်အမှာစကား‌ပြော ကြားပြီး (ဗဟို)ဒုတိယ ဥက္ကဋ္ဌများ၊ဗဟို အထွေထွေအတွင်းရေးမှူးနှင့်၊ စည်းရုံးရေးရာကော်မတီအတွင်းရေးမှူးများ၊ ဗဟိုအတွင်းရေးမှူးများနှင့်တက်ရောက်လာကြသူများမှဆွေးနွေးတင်ပြကြသည်။
ထို့နောက်(ဗဟို)ဥက္ကဋ္ဌက တက်ရောက်လာကြသောတာဝန်ရှိသူများ၏တင်ပြဆွေးနွေးမှုများအပေါ် ရှင်းလင်းပြောကြားခဲ့ပြီးလိုအပ်သည်များကို ထပ်မံဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြား၍အခမ်းအနားပြီးမြောက်ခဲ့သည်။

#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Union of the Republic of Myanmar Myanmar Interfaith Dialogue Organization (Central Office)
3/2025 Central Management Committee Meeting Held

July 5, 2025

The 3/2025 Central Management Committee Meeting of the Myanmar Interfaith Dialogue Organization (Central Office) was successfully held on July 5, 2025, at the Central Meeting Hall.
The meeting was attended by:
Central Chairman U Wanna Vice Chairmen U Zaw Zaw Naing (Hindu), U Aung Zaw Win (Islam) General Secretary U Zwe Yan Naing Organizing Committee Secretaries: U Than Zinn Hlaing (Buddhist), U Kyaw Zin Latt (Hindu), U Kyaw Myint Oo (Christian) Finance and Fundraising Committee Secretary: U Soe Moe Central Secretaries: U Tin Maung Latt (Hindu), U Mya Aye (Islam) Finance Officer: U Hla Kyu Auditor: U Hla Kyaw Spokesperson: U Myo Zeya Also in attendance were Heads of Central Support Committees, including: Dr. Myo Win (Legal Affairs) U Zaw Moe Aung (Social Affairs) Daw Khin Myat Thwe (Women’s Affairs) U Win Kyaw Swar (Youth Affairs) The meeting commenced with an opening address by Chairman U Wanna, followed by discussions and presentations from the Vice Chairmen, General Secretary, secretaries of the organizing committee, and other attending committee members.
Following the presentations, the Chairman provided clarifications and addressed the matters raised, adding further directives where necessary. He concluded the meeting with final remarks.

#CentralCommunications
#MyanmarInterfaithDialogueOrganization

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069