ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာဝင်များအစုအဖွဲ့အစည်းအဝေးကျင်းပ
၂၀၂၅ခုနှစ်၊ဇွန်လ(၂၇)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ခရစ်ယာန်ဘာသာဝင်များအစုအဖွဲ့အစည်းအဝေးအား (၂၀၂၅)ခုနှစ်၊ဇွန်လ၊(၂၇)ရက်နေ့တွင် (ဗဟို)ရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ဦးစွာ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏကအဖွင့်အမှာစကားပြောကြားပြီး၊ဒုတိယဥက္ကဌ ဒေါက်တာတူတူးမှအဖွဲ့နှင့်သက်ဆိုင်သောရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားတက်ရောက်ကြသူများကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ ဗဟို နာယက ဒေါက်တာညွန့်လှက မဂ်လာနှုတ်ခွန်းဆက်စကားပြောကြားကာ၊ဗဟို စည်းရုံးရေးရာကော်မတီအတွင်းရေးမှူး ဦးကျော်မြင့်ဦးနှင့်အတွင်းရေးမှူး(၁)ဦးလှဝင်းတို့က ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏(ရုံး)မြေနေရာကိစ္စကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများကသိလိုဖွယ်ရာများကိုမေးမြန်းရာ တာဝန်ရှိသူများက သက်ဆိုင်ရာအလိုက်ပြန်လည်ဖြေကြားပေးခဲ့သည်။
အစည်းအဝေးပွဲသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှခရစ်ယာန်ဘာသာဝင်(ဗဟို)အလုပ်အမှုဆောင်များ၊တိုင်း၊ခရိုင်၊မြို့နယ်၊များမှအလုပ်အမှုဆောင်၊အဖွဲ့ဝင်များ အင်အား(၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Union of the Republic of Myanmar Myanmar Interfaith Dialogue Organization
Christian Faith Group Coordination Meeting Held
Date: June 27, 2025
The Myanmar Interfaith Dialogue Organization convened a Christian Faith Group Coordination Meeting on June 27, 2025, at the Central Office Conference Hall.
The meeting began with opening remarks by Central Chairperson U Wanna, followed by Dr. Tu Tu, Deputy Chairperson, who elaborated on the upcoming initiatives and strategic plans relevant to the Christian faith community.
Subsequently, Central Leader Dr. Nyunt Hla delivered a formal greeting speech. Then, U Kyaw Myint Oo, Central Organizing Committee Secretary, and U Hla Win, Secretary (1), discussed matters concerning the organization’s office land issue.
An open Q&A session was held, during which participants raised inquiries, and relevant officials provided responses and clarifications.
The meeting was attended by approximately 50 participants, including Central Executive Members of the Christian faith, and officials from regional, district, and township levels.
#CentralCommunication
#MyanmarInterfaithDialogueOrganization
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069