ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) (၂/၂၀၂၅)စီမံခန့်ခွဲရေးရာကော်မတီအစည်းအဝေးကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)(၂/၂၀၂၅)စီမံခန့်ခွဲရေးရာကော်မတီအစည်းအဝေးအား၊(၂၀၂၅)ခုနှစ်၊ဇွန်လ၊(၂၆)ရက်၌ (ဗဟို)အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဗဟို ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ ဗဟို အထွေထွေအတွင်းရေးမှူး ဦဇွဲရန်နိုင်၊ဗဟို စည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ဗဟိုစည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ ဗဟိုစည်းရုံးရေးရာကော်မတီ အတွင်းရေးမှူး ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဗဟိုဘဏ္ဏာငွေရှာဖွေရေး အတွင်းရေးမှူး ဦးစိုးမိုး၊ဗဟို အတွင်းရေးမှူး ဦးတင်မောင်လတ်(ဟိန္ဒူဘာသာ)၊ဗဟို အတွင်းရေးမှူး(၁)ဦးလှဝင်း(ခရစ်ယာန်ဘာသာ)၊ဗဟို အတွင်းရေးမှူး (၂)ဒေါက်တာမျိုးဝင်း၊ဗဟို ဘဏ္ဏာရေးမှူး ဦးလှကြူ၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို ပြန်ကြားရေးမှူးဦးမျိုးဇေယျာ၊ဗဟို အလုပ်အမှုဆောင် ဦးဇော်မိုးအောင်တို့တက်ရောက်ကြသည်။
ဦးစွာ(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက အဖွင့်အမှာစကား‌ပြော ကြားပြီး (ဗဟို)ဒုတိယ ဥက္ကဋ္ဌများ၊ဗဟို အထွေထွေအတွင်းရေးမှူးနှင့်၊စည်းရုံးရေးရာကော်မတီအတွင်းရေးမှူးများ ၊ဗဟို အတွင်းရေးမှူးများနှင့်တက်ရောက်လာကြသူများမှဆွေးနွေးတင်ပြကြသည်။
ထို့နောက်(ဗဟို)ဥက္ကဋ္ဌက တက်ရောက်လာကြသောတာဝန်ရှိသူများ၏တင်ပြဆွေးနွေးမှုများအပေါ် ရှင်းလင်းပြောကြားခဲ့ပြီးလိုအပ်သည်များကို ထပ်မံဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြား၍အခမ်းအနားပြီးမြောက်ခဲ့သည်။

#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Union of the Republic of Myanmar Myanmar Interfaith Dialogue Organization (Central) (2/2025) Management Committee Meeting Held

Date: June 26, 2025

The Myanmar Interfaith Dialogue Organization (Central) convened its (2/2025) Management Committee Meeting on June 26, 2025, at the Central Conference Hall.
The meeting was attended by:
Central Chairperson U Wanna, Deputy Chairpersons: U Zaw Zaw Naing (Hindu), Dr. Tu Tu (Christian), U Aung Zaw Win (Islam), General Secretary U Zwe Yan Naing,Central Organizing Secretaries: U Than Zinn Hlaing (Buddhist), U Kyaw Zinn Latt (Hindu), U Kyaw Myint Oo (Christian),Central Finance and Fundraising Secretary U Soe Moe, Central Secretaries: U Tin Maung Latt (Hindu), U Hla Win (Christian), Dr. Myo Win,Treasurer U Hla Kyu Auditor U Hla Kyaw,Spokesperson U Myo Zeya ,Executive Member U Zaw Moe Aung The meeting commenced with opening remarks delivered by the Central Chairperson U Wanna. Following this, deputy chairpersons, secretaries, and executive members presented and discussed key agenda items.
The Chairperson then provided responses and clarifications on the topics raised, addressed additional requirements, and concluded the session with closing remarks.

#CentralCommunication
#MyanmarInterfaithDialogueOrganization

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069