ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အလုပ်အမှုဆောင်{၆/၂၀၂၅}အစည်းအဝေးကျင်းပ
၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၁)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အလုပ်အမှုဆောင်အစည်းအဝေးအမှတ်စဉ်{၆/၂၀၂၅}ကို ၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၁)ရက် နေ့လယ်(၁:၃၀)အချိန်တွင် ဗဟိုအစည်းအဝေးခန်းမ၌ပြုလုပ်သည်။
အစည်းအဝေးသို့ ဗဟိုဥက္ကဋ္ဌဦးဝဏ္ဏ၊ဗဟို နာယကများဖြစ်ကြသော ဒေါက်တာ လှထွန်း(ဟိန္ဒူဘာသာ)၊ဒေါက်တာ ညွန့်လှ(ခရစ်ယာန်ဘာသာ)၊ ဗဟို ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဗဟို ဒုတိယ ဥက္ကဋ္ဌနှင့်သဘာဝဘေးအန္တရယ်ကူညီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ဗဟို ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တူးတူး၊ဗဟို အထွေထွေအတွင်းရေးမှူး ဦးဇွဲရန်နိုင်၊ဗဟို စည်းရုံးရေးရာကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဗဟို စီမံကိန်းနှင့်ဘဏ္ဏာငွေရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးမိုး၊ဗဟို အတွင်းရေးမှူး ဦးတင်မောင်လတ်(ဟိန္ဒူဘာသာ)နှင့်အတွင်းရေးမှူး(၁) ဦးလှဝင်း(ခရစ်ယာန်ဘာသာ)၊ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဘုန်းမြင့်၊ဗဟို အထောက်အကူပြု လူမှုရေးရာလုပ်ငန်း ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်း ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး ဗဟို ဘဏ္ဏာရေးမှူး ဦးလှကြူ၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို ပြန်ကြားရေးမှူး ဦးမျိုးဇေယျာနှင့် ဗဟို အလုပ်အမှုဆောင်များတက်ရောက်ကြသည်။
အခမ်းအနားအာအစီအစဉ်(၁၄)ရပ်ဖြင့်ဆောင်ရွက်ခဲ့သည်။
ဦးစွာ(ဗဟို)ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ၊ဗဟို နာယကကြီးများက နှုတ်ခွန်းဆက်စကားများအသီးသီးပြောကြားကြသည်။
ဆက်လက်၍ ဗဟို ဥက္ကဋ္ဌက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များ၏ ဆောင်ရွက်ခဲ့သောလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအားအစည်းအဝေးတက်ရောက်လာကြသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ Projector ဖြင့်ရှင်းလင်းပြသပေးခဲ့သည်။
ထို့နောက် ဗဟိုဘဏ္ဏာရေးမှူးမှရ/သုံးငွေစာရင်းရှင်းတမ်းအားတင်ပြပြီး၊အခမ်းအနားမှူးမှ ယခင်လ{၅/၂၀၂၅}အစည်းအဝေးဆုံးဖြတ်ချက်များအားပြန်လည်ဖတ်ကြားတင်ပြကာ၊တက်ရောက်လာကြသော ဒုတိယဥက္ကဋ္ဌများ၊အထွေထွေအတွင်းရေးမှူးနှင့်အတွင်းရေးမှူးများ၊အလုပ်အမှုဆောင်များကသက်ဆိုင်ရာအလိုက်သိလိုသည်များကို ဆွေးနွေးတင်ပြ မေးမြန်းခဲ့ကြသည်။ဆက်လက်၍(ဗဟို)ဥက္ကဋ္ဌက တစ်ဦးချင်းအလိုက် သက်ဆိုင်ရာမေးမြန်းမှုများအပေါ်ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး၊ရှေ့လုပ်ငန်းစဉ်များ၊လိုအပ်သည်များကိုဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြား၍ (၁၅:၄၅)အချိန်ခန့်တွင်အခမ်းအနားပြီးမြောက်ခဲ့သည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
Union of the Republic of Myanmar Myanmar Interfaith Dialogue Organization (Central) Executive Meeting No. (6/2025)
Date: June 21, 2025
The Executive Meeting No. (6/2025) of the Myanmar Interfaith Dialogue Organization (Central) was convened on June 21, 2025, at 1:30 PM in the Central Meeting Hall.
The meeting was attended by Central Chairperson U Wanna, Patrons Dr. Hla Htun (Hindu Representative) and Dr. Nyunt Hla (Christian Representative), along with Vice Chairpersons U Zaw Zaw Naing (Hindu Representative), U Aung Zaw Win (Islamic Representative) (also Chair of the Natural Disaster Relief Subcommittee), and Dr. Tu Tu (Christian Representative).
Additionally, attending were Central General Secretary U Zwe Yan Naing, Central Organizing Committee Secretaries U Thant Zin Hlaing (Buddhist Representative), U Kyaw Zin Lat (Hindu Representative), U Kyaw Myint Oo (Christian Representative); Planning and Fundraising Committee Secretary U Soe Moe; Secretaries U Tin Maung Lat (Hindu Representative) and U Hla Win (Christian Representative); Yangon Region Chairperson U Phone Myint; Social Welfare Committee Chair U Zaw Moe Aung; Women’s Affairs Committee Chair Daw Khin Myat Thwe; Treasurer U Hla Kyu; Auditor U Hla Kyaw; Public Relations Officer U Myo Zeya, and Central Executive Members.
The meeting agenda covered 14 items.
The proceedings began with an opening address by Central Chairperson U Wanna, followed by greetings from the patrons.
The Chairperson then presented photographic records of the organization’s recent activities and community engagement projects, using a projector for clarity and transparency.
Next, Treasurer U Hla Kyu presented the financial statement of income and expenditures, after which the Secretary reviewed the decisions from the previous meeting (5/2025).
Following that, Vice Chairpersons, Secretaries, and Executive Members raised questions and engaged in discussions on operational matters.
Chairperson U Wanna responded individually to inquiries, clarified outstanding matters, and provided guidance on upcoming plans. The meeting concluded successfully at around 3:45 PM.
#CentralCommunication
#MyanmarInterfaithDialogueOrganization
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069