ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး (ဥက္ကဋ္ဌ) ဦးဘုန်းမြင့်နှင့် ရန်ကုန်တိုင်း အလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ်ဥက္ကဋ္ဌများ တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၁)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ရန်ကုန်တိုင်းဒေသကြီး(ဥက္ကဋ္ဌ)ဦးဘုန်းမြင့်နှင့်ရန်ကုန်တိုင်းအလုပ်အမှုဆောင်များ၊ခရိုင်/မြို့နယ် ဥက္ကဋ္ဌများတွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားအား (၂၀၂၅) ခုနှစ်၊ ဇွန်လ၊(၂၁)ရက်၊နံနက်(၁၀:၃၀)အချိန်ခန့်က ဘသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏကအဖွင့်အမှာစကားပြောကြားပြီး၊ရန်ကုန်တိုင်း(ဥက္ကဋ္ဌ)ဦးဖုန်းမြင့်မှနှုတ်ခွန်းဆက်စကားပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းနာယကကြီးများဖြစ်ကြသည့် ဒေါက်တာအေးမင်း(ခရစ်ယာန်ဘာသာ)၊ဒေါက်တာသိန်းသန်းထွန်း(ခရစ်ယာန်ဘာသာ)၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးဝင်းမြင့်(ဗုဒ္ဓဘာသာ)၊ ဦးဝင်းထွန်း(ဟိန္ဒူဘာသာ)၊ ဦးခင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊ အတွင်းရေးမှူးများဖြစ်ကြသည့်ဦးခင်ဝင်း(ဗုဒ္ဓဘာသာ)၊ဦးဇော်ဝင်းမောင်(ဟိန္ဒူဘာသာ)၊ဦးဖရန်စစ်(ခရစ်ယာန်ဘာသာ)၊ ဦးရွှေမောင်(အစ္စလာမ်ဘာသာ)၊(ပြန်ကြားရေးမှူး)ဦးအောင်သာဒိုး၊တွဲဖက်အတွင်းရေးမှူးများဖြစ်ကြ သည့် ဦးမျိုးဇော်(ခရစ်ယာန်ဘာသာ)၊ဦးဘိုနီဝင်း(ခရစ်ယာန်ဘာသာ)၊ တွဲဖက်စာရင်းစစ် ဦးအောင်ဆန်းလွင်နှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်ဥက္ကဋ္ဌများနှင့် မြို့နယ်ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှတစ်ဦးချင်းအလိုက်မိတ်ဆက်စကားပြောကြားကာနံနက်(၁၁း၄၅)အချိန်တွင် အခမ်းအနားပြီး‌မြောက်ခဲ့သည်။

#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

Union of the Republic of Myanmar Myanmar Interfaith Dialogue Organization (Central) Introduction Ceremony of Yangon Region Chairperson U Phone Myint with Regional, District, and Township Representatives

Date: June 21, 2025

The Introduction Ceremony of U Phone Myint, Chairperson of Yangon Region Myanmar Interfaith Dialogue Organization, together with the Yangon Region Executive Members and District/Township Chairpersons, was successfully held at the Central Meeting Hall of the Myanmar Interfaith Dialogue Organization on June 21, 2025, at approximately 10:30 AM.
The event commenced with an opening speech delivered by U Wanna, Chairman of the Myanmar Interfaith Dialogue Organization (Central), followed by welcoming remarks from U Phone Myint, Chairperson of Yangon Region.
Distinguished attendees at the event included senior Yangon Region Patrons Dr. Aye Min (Christian Representative) and Dr. Thein Than Tun (Christian Representative); Vice Chairpersons U Win Myint (Buddhist Representative), U Win Htun (Hindu Representative), and U Khine Maung Zaw (Islamic Representative); Secretaries U Khine Win (Buddhist Representative), U Zaw Win Maung (Hindu Representative), U Francis (Christian Representative), and U Shwe Maung (Islamic Representative); Spokesperson U Aung Tha Doe; Associate Secretaries U Myo Zaw (Christian Representative) and U Bo Ni Win (Christian Representative); Associate Auditor U Aung San Lwin, as well as Regional Executive Members, District Chairpersons, and Township Chairpersons.
Following the introductions and individual speeches from attendees, the ceremony concluded successfully at approximately 11:45 AM.

#CentralCommunication
#MyanmarInterfaithDialogueOrganization

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069