(၁၅၀၁) ကြိမ်မြောက် တမန်တော်နေ့အခမ်းအနားကျင်းပ

၂၀၂၆ခုနှစ်၊စက်တင်ဘာ(၂)

(၁၅၀၁) ကြိမ်မြောက် တမန်တော်နေ့အခမ်းအနားကို ၂၀၂၆ခုနှစ်၊စက်တင်ဘာလ၊(၂)ရက်နံနက်၉:၀၀)နာရီအချိန်က တာမွေမြို့နယ်ရှိ Sky Star Hotelတွင်ကျင်းပသည်။

အခမ်းအနားသို့၊သာသနာရေးဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး ဦးလင်းအောင်၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊ဗဟို အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ဗဟို (ပြန်ကြားရေးမှူး)
ဦးမျိုးဇေယျာ၊မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံရုံး(ယာယီ) တာဝန်ခံ Dr. Ahmed Abdallah Mahmoud Atiya Eltahlawy၊တမန်တော်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တမန်တော်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ တွဲဖက်ပြန်ကြားရေးမှူး အလ်ဟာဂျ် မောင်လာနာကာရီ အဗ်ဒုလ္လာဟ်က ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ရွတ်၍ အခမ်းအနားဖွင့်လှစ်သည်။

ထို့နောက် တမန်တော်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အလ်ဟာဂျ် ဦးထွန်းနိုင်ဦး က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း က ဂုဏ်ပြုအမှာစကားပြောကြားကာ၊မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံရုံး (ယာယီ)တာဝန်ခံ Dr. Ahmed Abdallah Mahmoud Atiya Eltahlawy နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ တို့က ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြသည်။

ယင်းနောက် အစ္စလာမ် သာသနာ့စာပေမှတ်ကျောက်တင်ပြိုင်ပွဲ ပထမဆု ရရှိသူများအား တာဝန်ရှိသူမျာမှဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊တက်ရောက်လာကြသူများမှ မှတ်တမ်းဓါတ်ပုံများရိုက်ကူး၍အခမ်းအနားပြီးမြောက်ခဲ့သည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069