ဘသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (၁၁)ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်း

၂၀၂၆ခုနှစ်၊သြဂုတ်လ၊(၁)ရက်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကိုထမ်းဆောင်လျက်ရှိသောတပ်မတော်သားအပေါင်းတို့အားဂုဏ်ပြုသောအားဖြင့်၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မင်္ဂလာဒုံ၌ကျင်းပသည်။

ဦးစွာ သွေးလှူဒါန်းကြမည့် သွေးလှူရှင်များအားတပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး၊သွေးလှူဒါန်းခြင်းများအားဆောင်
ရွက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သည်ဒါနဥပပါရမီ သွေးလှူပွဲအား (၄)လတစ်ကြိမ်မပျက်မကွက်လှူဒါန်းခဲ့ပြီးယခုလှူဒါန်းမှုသည် (၁၁)ကြိမ်မြောက်လှူဒါန်းမှုဖြစ်ပြီးသွေးလှူရှင်(၂၂၀)ဦးခန့်လာရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်
သည်။

အခမ်းအနားသို့၊အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀)မှ တပ်မှူးဗိုလ်မှူးချုပ် မြင့်ဇော်နှင့်အရာရှိ/စစ်သည်များ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊အတွင်း‌ရေးမှူး(၁)များဖြစ်သည့်ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ဦးစောဂျွန်(ခရစ်ယာန်ဘာသာ)၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊အတွင်းရေးမှူး (၂)များဖြစ်သည့် ဦးရွှေမောင်(အစ္စလာမ်ဘာသာ)၊ဗဟို အထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့်ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့)၊ဦးစိုးမိုး(လူမှုရေးရာလုပ်ငန်းအဖွဲ့)၊ဗဟို(ပြန်ကြားရေးမှူး) ဦးမျိုးဇေယျာနှင့်ပြန်ကြားရေးအဖွဲ့ဝင်များ၊ဗဟိုအလုပ်အမှုဆောင်များ၊ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ များ၊အတွင်းရေးမှူးများနှင့်တိုင်းအလုပ်အမှုဆောင်များခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများ၊ဒုတိယဥက္ကဋ္ဌများ၊အတွင်းရေးမှူးများနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များသွေးလှူရှင်များ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် သွေးလာရောက်လှူဒါန်းကြသူများအားအမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှတာဝန်ရှိသူများက နံနက်စာ ကျွေးမွေးဧည့်ခံ၍ ဆေးဝါး၊အဟာရ အစားအစာများ၊ရေသန့်၊ကြက်ဥများပေးအပ်ခဲ့ပြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှလည်း နေ့လည်စာ ကျွေးမွေးဧည့်ခံကာ၊အမှတ်တရ တီရှပ် အင်္ကျီ၊ထောက်ပံ့အလှူ‌ငွေများပေးအပ်ခဲ့ကြသည်။

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069