မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှဦးဆောင်၍ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှကျင်းပပြုလုပ်သည့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအ နားကျင်းပ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှဦးဆောင်၍ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှကျင်းပပြုလုပ်သည့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲအား ၂၀၂၆ခုနှစ်၊ဇူလိုင်လ၊(၂၇)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီမှ(၁၆:၀၀)နာရီထိ၊ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ မြဝတီသတင်းမီဒီယာစင်တာ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေကော်မရှင်ဥက္ကဋ္ဌဦးသစ်လင်းအုန်းကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အသိပညာပေးဆွေးနွေးရှင်းလင်းပွဲသည် မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲဖြစ်ပါကြောင်း၊စီးပွားရေးလုပ်ငန်းများကြောင့်လူ့အခွင့်အရေးထိပါးမှုမှကာကွယ်နိုင်ရန်အစိုးရနှင့်စီးပွါးရေးလုပ်ငန်းများအကြားပူးပေါင်းဆောင်ရွက်မှုအားပေးမြှင့်တင်နိုင်ရန်၊ရေရှည်တည်တံ့သောစီးပွားရေးတည်ဆောက်နိုင်ရန်နှင့်စီးပွားရေးလုပ်ငန်းများဆိုင်ရာဥပဒေနဇင့်နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကိုသိရှိလိုက်နာနိုင်ရန်စသည့်ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်ပါကြောင်း၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည်ဖြစ်ရာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်း/ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ပူးပေါင်းဆောင်ရွက်မှုများလိုအပ်ပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင်ဥပဒေလုပ်ထုံးလုပ်နည်းများကိုလေးစားလိုက်နာရမည်ဖြစ်ပြီး၊စီးပွားရေးလုပ်ငန်းများကြောင့်လူ့အခွင့်အရေးထိခိုက်နိုင်မှုများကိုကြိုတင်သိရှိကာကွယ်ရန်လိုအပ်ပါကြောင်း၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့သည်တစ်ခုနှင့်တစ်ခုအပြန်အလှန်ဆက်နွယ်လျက်ရှိပြီးခွဲခြား၍မရသောအရေးကြီးသည့်အစိတ်အပိုင်းများဖြစ်ရာရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်ရန်အတွက်အစိုးရစီးပွားရေးလုပ်ငန်းများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်နိုင်ငံတကာမိတ်ဖက်များအားလုံးအချင်းချင်းယုံကြည်မှုရှိစွာပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း၊၂၀၁၁ခုနှစ်တွင် ကုလသမဂ္ဂက UN Guiding Principles on Business and Human Rights (UNGPs)ကိုအတည်ပြုခဲ့ရာ နိုင်ငံအများအပြားကBusiness and Human Rights သည် အရေးပါသောအခြေခံမူတစ်ရပ်အဖြစ် အသိအမှတ်ပြုလာကြကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားခဲ့ပါသည်။
ထို့နောက် ဂျပန်နိုင်ငံ Ingo PEACE အဖွဲ့ဥက္ကဋ္ဌ Mr.Hiroyuki Nakazawa(Chairperson)မှ မိတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်အရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အားအထူးပင်လေးစားကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ အမှာစကားပြောကြားရာ၌ လူ့အခွင့်အရေးဆိုတာ လူသားအားလူံမွေးရာပါရရှိထားတဲ့အခွင့်အရေးဖြစ်သလို၊ဘာသာတရားတိုင်းရဲ့ အနှစ်သာရမှာလည်း မေတ္တာ၊ဂရုဏာနဲ့ အပြန်အလှန်လေးစားမှုဆိုတဲ့ လူ့အခွင့်အရေးရဲ့ အခြေခံစံတန်ဖိုးတွေ ကိန်းဝပ်နေပါတယ်။လူသားတိုင်းကို လူမျိုး၊ဘာသာ၊အဆင်အတန်းမရွေး တန်းတူညီမျှလေးစားကြမှသာငြိမ်းချမ်းတဲ့လူ့အသိုင်အဝိုင်းကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဆိုတာဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းကနေ စတင်တယ်လို့ဆိုချင်ပါတယ်။
ဒီနေ့ဆွေးနွေးပွဲရဲ့ ဒုတိယပိုင်းမှာဆွေးနွေးမယ့်၊စီးပွားရေး၊သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုတဲ့အကြောင်းအရာတွေဟာလည်း ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ အလွန်နီးစပ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပေမယ့်၊လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုကင်းရေး၊ဘေးအန္တရယ်ကင်းရှင်းရေး စတဲ့လူ့အခွင်အရေး စံနှုန်းတွေကိုခည်းမဖြစ်မနေလေးစားလိုက်နာကြဖို့လိုအပ်ပါတယ်။ထို့အတူပဲ သဘာဝပတ်ဝန်းကျင်ဆိုတာ လူသားအားလုံးမှီတင်းနေထိုင်ရာဖြစ်တဲ့အတွက်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာလည်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတစ်ရပ်ဖြစ်ပြီးဘာသာရေးအဆုံးအမတွေနဲ့လည်း အပြည့်အဝညီညွတ်လျက်ရှိပါတယ်။
ယခုလို အသိပညာပေးဟောပြောပွဲတွေကတစ်ဆင့်ပြည်သူတွေသာမက စီးပွားရေးလုပ်ငန်းရှင်တွေ၊အစိုးရဌာနဆိုင်ရာတွေကြားမှာပါ လူ့အခွင့်အရေးဆိုင်ရာအသိအမြင်တွေ ပိုမိုကျယ်ပြန့်လာမယ်လို့ယုံကြည်ပါတယ်။ပွဲဖြစ်မြောက်အောင်စီစဉ်ပေးတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင်တကွတာဝန်ရှိသူများ၊ပူးပေါင်းပါဝင်ကြတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ Ingo PEACE JAPAN အဖွဲ့နဲ့တက်ရောက်လာကြသူတစ်ဦးချင်းစီကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း၊လူ့အခွင့်အရေးကိုအခြေခံပြီး မေတ္တာ၊ဂရုဏာလွှမ်းခြုံတဲ့ ငြိမ်းချမ်းသောလူ့အသိုင်းအဝိုင်းကြီး ပေါ်ထွန်းလာစေဖို့ ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနဲ့လည်း မိမိတို့ကျရာကဏ္ဍကနေ အားတက်သရောဆက်လက်ပူးပေါင်း ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း ပြောကြား၍ ပထမပိုင်းဆွေးနွေးပွဲပြီးမြောက်ခဲ့သည်။
ဆက်လက်၍ဒုတိယပိုင်း အစီအစဉ်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့်ဒေါက်တာ နုနုရီက လူ့အခွင့်အရေးအခြေခံအယူအဆအကြောင်း၊ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာ တင်ဌေးအိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အကြောင်းနှင့်လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်အကြောင်း၊ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက စီးပွားရေးလုပ်ငန်းများနှင့်လူ့အခွင့်အရေးအကြောင်းတို့ကိုဆွေးနွေးပြောကြားကာ ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ဆွေးနွေးရှင်းဖြေကြားခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းနှင့်ကော်မရှင်အဖွဲ့ဝင် တာဝန်ရှိသူများ၊သာသနာရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဇော်ဦး၊ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦး၊ဘာသာကြီး(၄)ဘာသာမှနာယကများဖြစ်သည့်၊ဒေါက်တာ ထွန်းကျော်(ဗုဒ္ဓဘာသာ)၊ဒေါက်တာ လှထွန်း (ဟိန္ဒူဘာသာ)၊ဦးကျော်ကျော်ဦး(အစ္စလာမ်ဘာသာ)၊ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့်ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ဦးဗိုလ်ဗိုလ်မောင် (အစ္စလာမ်ဘာသာ)၊ဗဟို အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ဗဟိုအတွင်းရေးမှူး(၁)များဖြစ်သည့်ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ဦးကြည်စိုးဝင်း(ဟိန္ဒူဘာသာ)၊ဦးစောဂျွန်(ခရစ်ယာန်ဘာသာ)၊ဦးခင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊ဗဟိုအတွင်းရေးမှူး(၂)များဖြစ်သည့်၊ဦးတင်မောင်လတ်(ဟိန္ဒူဘာသာ)၊ဦးလှဝင်း(ခရစ်ယာန်ဘာသာ)၊ဦးရွှေမောင်(အစ္စလာမ်ဘာသာ)၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီအတွင်းရေးမှူး ဦးဟန်ဝင်းအောင်(ဗုဒ္ဓဘာသာ)၊ဗဟို စည်းရုံးရေးရာကော်မတီ အတွင်း ရေးမှူး ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဗဟို အထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့် ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့)နှင့်အတွင်းရေးမှူးများ၊ဒေါက်တာ မျိုးဝင်း(ဥပဒေရေးရာလုပ်ငန်းအဖွဲ့)နှင့်အတွင်းရေးမှူးများ၊ဦးစိုးမိုး(လူမှုရေးရာလုပ်ငန်းအဖွဲ့)နှင့်အတွင်းရေးမှူးများ၊ဦးဝင်းကျော်စွာ(လူငယ်ရေးရာလုပ်ငန်းအဖွဲ့)နှင့်အတွင်းရေးမှူးများ၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို ဘဏ္ဏာရေးမှူး ဦးမြင့်ဆန်၊ဗဟို(ပြန်ကြားရေးမှူးဦးမျိုးဇေယျာနှင့် ဘာသာကြီး(၄)ဘာသာမှ ပြန်ကြားရေးတာဝန်ခံများ၊အဖွဲ့ဝင်များ၊ဗဟို စီမံကိန်းနှင့်လုပ်ငန်းစီမံချက်ရေးဆွဲရေး အတွင်းရေးမှူး ဦးလှကြူ၊ဗဟို အထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့များမှ အလုပ်အမှုဆောင်များ၊ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊အသင်းအဖွဲ့များမှဖိတ်ကြားထားသူများ၊မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်ရှင်များ၊ဂျပန်နိုင်ငံ Ingo PEACE မှ ဥက္ကဋ္ဌနှင့်စီးပွားရေးလုပ်ငန်းရှင်များ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ရှမ်းပြည်နယ်) ဥက္ကဋ္ဌ ဦးနေဝင်းထွေးနှင့်ဒုတိယဥက္ကဋ္ဌဦးကျော်ကျော်ထက်(ဗုဒ္ဓဘာသာ)၊အတွင်းရေးမှူး ဦးစိုးစိုးငယ်(အစ္စလာမ်ဘာသာ)ရှမ်းပြည်နယ်ပြန်ကြားရေးတာဝန်ခံ ဦးအောင်နိုင်ထွေး၊ပြည်နယ်အလုပ်အမှုဆောင်များ၊ကရင်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဦးစောမြင့်ဝင်းအောင်(ဗုဒ္ဓဘာသာ)၊အတွင်းရေးမှူးဦးမင်းမင်းဦး(အစ္စလာမ်ဘာသာ)၊ပြန်ကြားရေးတာဝန်ခံ ဦးစောအောင်မင်းတင်၊ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)၊ဦးဘာဘူလေး(ဟိန္ဒူဘာသာ)၊ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏကိုနှင့်တွင်းရေးမှူး(၁-၂)များ၊အထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဘဏ္ဏာရေးမှူး၊စာရင်းစစ်၊ပြန်ကြားရေးတာဝန်ခံနှင့်ပြန်ကြားရေးအဖွဲ့ဝင်များ၊တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ခရိုင်၊မြို့နယ်များမှ ဥက္ကဋ္ဌများ၊အထွေထွေအတွင်းရေးမှူးများနှင့်အတွင်းရေးမှူးများ၊အလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့သည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069