ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှ ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့်ဂျပန်စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းပြီး ချစ်ကြည်ရင်းနှီးမှု ငြိမ်းချမ်းရေးဆုတောင်းပွဲကို ၂၀၂၆ခုနှစ်၊ဇူလိုင်လ(၂၇)ရက်က ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထို့နောက် ဘာသာကြီး(၄)ဘာသာမှ တာဝန်ရှိသူများမှ မိမိတို့ ဘာသာအလိုက် ဆုတောင်းခြင်းများဖြင့်ဆု တောင်းပေးကြသည်။ အဆိုပါ ငြိမ်းချမ်းရေးဆုတောင်းခြင်းသည် မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံကြား တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုတွေ ပိုမိုတိုးတက်လာစေရန်နှင့်စီးပွားရေး၊လူမှုရေး အစရှိတဲ့ ကဏ္ဍအသီးသီးတွင် ပိုမိုတိုးတက် စေရန်ရည်ရွယ်၍ကမ္ဘာသူကမ္ဘာသားများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘတွေတိုးတက်စေရန်အတွက်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အဆိုပါ ဆုတောင်းပွဲသို့ သာသနာရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ညွှန်ကြားရေးမှူး ဦးဇော်ဦးနှင့်တာဝန်ရှိသူများ၊ ဗဟိုနာယကဒေါက်တာညွန့်လှ(ခရစ်ယာန်ဘာသာ)၊ဗဟို ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဒေါက်တာတူးတူး(ခရစ်ယာန်ဘာသာ)၊ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊ဗဟို အတွင်းရေးမှူး(၁)များဖြစ်သည့် ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ) ၊ဦးကြည်စိုးဝင်း(ဟိန္ဒူဘာသာ)၊ ဦးစောဂျွန်(ခရစ်ယာန်ဘာသာ)၊ ဗဟို အတွင်းရေးမှူး(၂)များဖြစ်သည့် ဦးတင်မောင်လတ်(ဟိန္ဒူဘာသာ)၊ ဗဟိုဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊ဗဟို စည်းရုံးရေးရာ ကော်မတီအတွင်းရေးမှူး ဦးကျော်မြင့်ဦး၊ ဗဟို အထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့် ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့)၊ ဦးစိုးမိုး(လူမှုရေးရာလုပ်ငန်းအဖွဲ့)၊ ဦးဝင်းကျော်စွာ(လူငယ်ရေးရာလုပ်ငန်းအဖွဲ့)ဗဟို(ပြန်ကြားရေးမှူး)ဦးမျိုးဇေယျာ၊ ခရစ်ယာန်ပြန်ကြားရေးတာဝန်ခံ ဦးလှဦး၊အထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်သီတာဇော်(ခရစ်ယာန်ဘာသာ)နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဗဟိုအလုပ်အမှုဆောင်များ၊ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)အထွေထွေအတွင်းရေးမှူးဦးဝဏ္ဏကို၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊Ingo PEACE JAPAN မှ တာဝန်ရှိသူများ၊ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069