ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟို/တိုင်း/ခရိုင်/မြို့နယ် (ဟိန္ဒူဘာသာဝင်)အလုပ်အ မှုဆောင်များ အထူးအစည်းအဝေးဆောင်ရွက်

၂၀၂၆ခုနှစ်၊ဇူလိုင်လ၊(၁၅)ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်(ဟိန္ဒူဘာသာ)အလုပ်အမှုဆောင်များ အထူးအစည်းအဝေးပွဲအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်(ဗုဒ္ဓဟူးနေ့)မွန်းလွဲ (၁း၃၀)ချိန်တွင် ဗဟို(ရုံး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဗဟိုဒုတိယဥက္ကဋ္ဌ ဦးကျော်ဇင်လတ်၊ဗဟို အတွင်းရေးမှူး (၂)ဦးတင်မောင်လတ်၊ ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသည့်ဦးမောင်သိန်း၊ ဒေါက်တာ နေအောင်၊ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးမျိူးဝင်းနှင့်တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ် အသီးသီးမှ အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် (ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားပြီး ဗဟိုဒုတိယဥက္ကဋ္ဌ ဦးကျော်ဇင်လတ်မှရှေ့လုပ်ငန်းစဥ်များဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဗဟို အတွင်းရေးမှူး(၂)ဦးတင်မောင်လတ်၊ဗဟိုအလုပ်အမှုဆောင် ဦးမောင်သိန်း၊ ဒေါက်တာနေအောင်နှင့်တက် ရောက်လာသူများမှဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဗဟို ဥက္ကဋ္ဌ ဦးဝဏ္ဏမှ နိဂုံးချုပ်အမှာကားပြောကြားပြီး မွန်းလွဲ (၂း၄၅)ချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။

#ဘသည(ရကတ)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069