ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်)ခရစ်ယာန်ဘာသာအလုပ်အမှုဆောင်အစည်းအဝေးကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်(ခရစ်ယာန်ဘာသာ)အလုပ်အမှုဆောင်အစည်းအဝေးအား(၂၀၂၆)ခုနှစ်၊ဇူလိုင်လ၊(၁၃)ရက်နေ့တွင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ(ဗဟို)ဥက္ကဌဦးဝဏ္ဏမှအဖွင့်အမှာစကားပြောကြား၍ဗဟို ဒုတိယ ဥက္ကဋ္ဌဒေါက်တာတူတူး(ခရစ်ယာန်ဘာသာ)က အဖွဲ့နှင့်သက်ဆိုင်သောရှေ့ဆောင်
ရွက်မည့်လုပ်ငန်းစဉ်များ၊ကျင်းပဆောင်ရွက်မည့်အခမ်းနားအစီအစဥ်များအားတက်ရောက်ကြသူများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟို အတွင်းရေးမှူး( ၁)ဦးစောဂျွန်မှနုတ်ခွန်းဆတ်စကားပြောကြား၍လုပ်ငန်းစဥ်များဆွေးနွေးတင်ပြခဲ့ပြီး၊ဗဟို စည်းရုံးရေးရာကော်မတီအတွင်းရေးမှူး ဦးကျော်မြင့်ဦးက ရှေးလုပ်ငန်းစဥ်များနှင့်လိုအပ်သည်များကိုဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဗဟို အလုပ်အမှုဆောင်များမှလည်းဆွေးနွေးတင်ပြကြရာ တိုင်းအတွင်းရေးမှူး(၂)ဦးမျိုးဇော်(ခရစ်ယာန်ဘာသာ)ကလည်းလုပ်ဆောင်ပြီးစီးမှုများကိုတင်ပြ၍၊တက်ရောက်လာကြသူများမှသိလိုဖွယ်ရာများကိုမေးမြန်းရာတာဝန်ရှိသူများကသက်ဆိုင်ရာအလိုက်ပြန်လည်ဖြေကြားပေးခဲ့သည်။
အစည်းအဝေးပွဲသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာမှ(ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်)ခရစ်ယာန်ဘာသာဝင်အလုပ်အမှုဆောင်(၆၂)ဦးတတ်ရောက်ခဲ့ကြကြောင်းသိရသည်။
#ပြန်ကြားရေး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069