ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဒဿမ)အကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း
၂၀၂၆ ခုနှစ်၊ ဧပြီလ (၂)ရက်
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကိုထမ်းဆောင်လျက်ရှိသောတပ်မတော်သားအပေါင်းတို့အားဂုဏ်ပြုသောအားဖြင့်၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ (ဒဿမ)အကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ဧပြီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၁)တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)မင်္ဂလာဒုံ၌ကျင်းပခဲ့သည်။ဦးစွာ သွေးလှူဒါန်းကြမည့် သွေးလှူရှင်များအားတပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး၊သွေးလှူဒါန်းခြင်းများအားဆောင်ရွက်ကြသည်။
အဆိုပါသွေးလှူရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက လာရောက်အားပေးပြီး၊ သွေးလှူကြနေသောသွေးလှူရှင်များအား အဟာရပြည့်စားသောက်ဖွယ်ရာများအားပေးအပ်ခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအဖွဲ့သည် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ကုတင်၁၀၀၀)နှင့်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့အားအလှူငွေများပေးအပ်ရာ အမှတ်(၁)တပ်မတော်ဆေးရုံကြီးကုတင်(၁၀၀၀)မှ တပ်မှူးဗိုလ်မှူးချုပ်မြင့်ဇော်မှလည်းကောင်း၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဗဟိုတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)လမ်းညွှန်မှုဖြင့်ဒါနဥပပါရမီ သွေးလှူပွဲအား (၄)လတစ်ကြိမ်မပျက်မကွက်လှူဒါန်းခဲ့ပြီးယခုလှူဒါန်းမှုသည် (ဒဿမ)အကြိမ်မြောက်လှူဒါန်းမှုဖြစ်၍သွေးလှူရှင်(၂၂၇)ဦးလာရောက်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်ဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်၁၀၀၀)မှ တပ်မှူးဗိုလ်မှူးချုပ် မြင့်ဇော်နှင့်အရာရှိ/စစ်သည်များ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဌ ဦးဝဏ္ဏ၊ဗဟို ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊အတွင်းရေးမှူး(၁)များဖြစ်သည့် ဦးဇော်မိုးအောင်(ဗုဒ္ဓဘာသာ)၊ဦးခင်မောင်ဇော်(အစ္စလာမ်ဘာသာ)၊ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊အတွင်းရေးမှူး (၂)များဖြစ်သည့် ဦးရွှေမောင်(အစ္စလာမ်ဘာသာ)၊ဗဟို အထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့်ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့)၊ဦးစိုးမိုး(လူမှုရေးရာလုပ်ငန်းအဖွဲ့)၊ဗဟို(ပြန်ကြားရေးမှူး) ဦးမျိုးဇေယျာ၊ဗဟို (စီမံကိန်း/လုပ်ငန်စီမံ)အတွင်းရေးမှူး ဦးလှကြူ၊ဗဟို အလုပ်အမှုဆောင်များ၊ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ များ၊အတွင်းရေးမှူးများနှင့်တိုင်းအလုပ်အမှုဆောင်များခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများ၊ဒုတိယဥက္ကဋ္ဌများ၊အတွင်းရေးမှူးများနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များသွေးလှူရှင်များ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် သွေးလာရောက်လှူဒါန်းကြသူများအားအမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှတာဝန်ရှိသူများက နံနက်စာ ကျွေးမွေးဧည့်ခံ၍ ဆေးဝါး၊အဟာရ အစားအစာများ၊ရေသန့်၊ကြက်ဥများပေးအပ်ခဲ့ပြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှလည်း နေ့လည်စာ ကျွေးမွေးဧည့်ခံကာ၊အမှတ်တရ တီရှပ် အင်္ကျီ၊ထောက်ပံ့အလှူငွေများပေးအပ်ခဲ့ကြသည်။
#ပြန်ကြားရေးမှူး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069