ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကဦးစီးကျင်းပသည့် အစ္စလာမ်ဘာသာဝင်များ၏ ရမ်ဇာန်လမြတ်ဝါဖြေပွဲ အခမ်းအနားကျင်းပ

ရန်ကုန်-မတ်(၁)။ ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ကကြီးမှူး ကျင်းပသည့် အစ္စလာမ်ဘာသာဝင်များ၏ရမဇာန်လမြတ် ဝါဖြေပွဲအခမ်းအနားကိုယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊သံရုံးယာယီတာဝန်ခံများ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို )ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဒေါက်တာတူးတူး(ခရစ်ယာန်ဘာသာ)၊ဟာဂျီ ဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)နှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊စီးပွားရေးလုပ်ငန်းရှင်များ၊သာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)အလုပ်အမှုဆောင်များ၊ဗဟိုအထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊တိုင်း/ခရိုင်/မြို့နယ်များမှအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဌေးအောင်ကအဖွင့်နှုတ်ခွန်း ဆက်စကားပြောကြား၍ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်
ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)ဒုတိယဥက္ကဋ္ဌဟာဂျီ ဗိုလ်ဗိုလ်မောင်ကကျေးဇူးတင်စကားပြောကြားကာ၊မော်လဝီဦးစိုးဝင်းက စုပေါင်းဝါဖြေပွဲ အတွက် ဆုတောင်းမေတ္တာပို့သပြီးအခမ်းအနားသို့တက်ရောက်လာကြသသည့် အစ္စလာမ်ဘာသာဝင်များ စုပေါင်းဝါဖြေခဲ့ကြသည်။

ယင်းနောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏက ဒုတိယဥက္ကဋ္ဌ ဟာဂျီဗိုလ်ဗိုလ်မောင်အားဂုဏ်ပြုမှတ်တမ်းလွှာပေအပ်ခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

#ဘသည(ရကတ)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့

လိပ်စာ

No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.

အီးမေးလ်

info@idomyanmar.org

ဖုန်း

09-250 097 938, 09-694 003 109,
09-451 143 069