ပဲခူးတိုင်းဒေသကြီး၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပဲခူးမြို့ ခုတင်(၅၀၀)ဆန့်အထွေထွေရောဂါဆေးရုံကြီး၌ အဟာရ ဒါနအဖြစ်နေ့လယ်စာလှူဒါန်း
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၂၉)ရက်
ပဲခူးတိုင်းဒေသကြီး၊ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်နီ ဦးဆောင်သောအဖွဲ့သည်၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၂၉)ရက်ကပဲခူးမြို့ ခုတင် ( ၅၀၀ )ဆန့် အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးရုံတက်ရောက် ကုသမှူ့ခံယူနေသောမိဘပြည်သူများ၊ တာဝန်ကျ ဆရာဝန် ဆရာမများနှင့်ဆေးရုံဝန်ထမ်းများဦးရေ ( ၅၀၀ )ခန့်တို့အတွက် ကြက်ဆီထမင်းနှင့် ကမ္ဘာသစ် နှင်းပုလဲဖက်ထမင်းပေါင်း ( ၅၀၀ )အားလည်းကောင်း၊ပဲခူးမြို့ တိုင်းရင်းဆေးရုံကြီးရှိလူနာနှင့်ဝန်ထမ်း(၃၃)ဦးခန့်တို့အားလည်းကောင်းအဟာရဒါနလှူဒါန်းပေးခဲ့ကြသည်။
အဆိုပါအဟာရဒါန လှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ပဲခူးတိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်နီနှင့်ဘာသာကြီးလေးရပ်မှဒုတိယဥက္ကဋ္ဌများ၊အထောက်အကူပြုအဖွဲ့ဝင်များ၊ပဲခူးမြို့ခုတင် (၅၀၀)ဆန့်ဆေးရုံ၊ဆေးရုံအုပ်ကြီးဒေါက်တာ ဇော်လွင်နှင့်ဆေးရုံတာဝန်ရှိသူများ၊Esperado Group Of Companies( Yangon )ဦးအောင်ဇော်ဝင်း၊မြန်မာ့ပရဟိတအလင်းရောင်အသင်း ဥက္ကဋ္ဌ ဒေါက်တာချစ်ထိုက်နှင့်အဖွဲ့တို့ တက်ရောက်အားပေးခဲ့သည်။
အဟာရဒါနလှူဒါန်းပွဲ၌ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှလူနာရှင်လူနာစောင့်မိဘပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက်အားပေးစကားများပြောကြားခဲ့ပြီးနေ့လယ်(၁၁)နာရီ (၃၀)မိနစ်တွင်အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရသည်။
#ပြန်ကြားရေး (ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069