မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့တွေ့ဆုံ၍လူ့အ ခွင့်အရေးရှင်းလင်းဆွေးနွေးပွဲဆောင်ရွက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)တို့ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ(၁၇)ရက် နေ့လယ် (၂)နာရီအချိန်က ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ရုံးအစည်းအဝေးခန်းမ၌ လူ့အခွင့်အရေးဆိုင်ရာများကိုရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌဦးဝဏ္ဏမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်က လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်ပညာပေးရေးဘာသာရပ်များနှင့်သက်ဆိုင်သည်များကိုဆွေးနွေးပြောကြားသည်။
ထပ်မံ၍ မြန်မာနိုငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးမှလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဘာသာရပ်အားရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသောဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)၊ဒေါက်တာ တူးတူး(ခရစ်ယာန်ဘာသာ)၊ဦးအောင်ဇော်ဝင်း(အစ္စလာမ်ဘာသာ)၊ဗဟို စည်းရုံးရေးရာကော်မတီအတွင်းရေးမှူးများဖြစ်သည့် ဦးသန့်ဇင်လှိုင်(ဗုဒ္ဓဘာသာ)၊ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ဦးကျော်မြင့်ဦး(ခရစ်ယာန်ဘာသာ)၊ဗဟို စည်းကမ်းထိန်းသိမ်းရေးနှင့်ညှိနှိုင်းဖြန်ဖြေရေးကော်မတီ အတွင်းရေးမှူး ဦးဇော်မိုးအောင်၊ဗဟို ဘဏ္ဏာငွေရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမိုး၊ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌဦးဝင်းမြင့်၊ဗဟိုအထောက်အကူပြုရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့် ဒေါ်ခင်မြသွေး(အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့)၊ဦးနေမျိုးဝင်း(လူမှုရေးရာလုပ်ငန်းအဖွဲ့)၊ဗဟိုဘဏ္ဏာရေးမှူး ဦးလှကြူ၊ဗဟို စာရင်းစစ် ဦးလှကျော်၊ဗဟို(ပြန်ကြားရေးမှူး)ဦးမျိုးဇေယျာ၊ဗဟို အလုပ်အမှုဆောင် ဦးစိုင်းလတ်သင်း၊ဗဟို အထောက်အကူပြုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌဒေါ်ဝင်းဝင်းသန်း(ခရစ်ယာန်ဘာသာ)၊အတွင်းရေးမှူးဒေါ်ခင်သီတာဇော်(ခရစ်ယာန်ဘာသာ)၊ရန်ကုန်တိုင်းဒေသကြီး၊နာယက ဦးဘနီ(ဟိန္ဒူဘာသာ)၊ရန်ကုန်တိုင်းဒေသကြီးအထွေထွေအတွင်းရေးမှူးဦးဟန်ဝင်းအောင်၊အတွင်းရေးမှူးဦးရွှေမောင်(အစ္စလာမ်ဘာသာ)၊အ တွင်းရေးမှူး(၂)ဦးမျိုးဇော်(ခရစ်ယာန်ဘာသာ)၊ဗဟို အထောက်အကူပြုအမျိူသမီးရေးရာလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒေါ်ခိုင်မွန်မွန်ကို၊တွဲဘက် ဘဏ္ဏာရေးမှူး ဒေါ်သွဲ့စုရည်တို့တက်ရောက်သည်။
ထို့နောက်အခမ်းအနားတက်ရောက်လာသူများမှ သိလိုဖွယ်ရာများအား မေးမြန်းရာ၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် တာဝန်ရှိကြသူများက မေးခွန်းများအပေါ် ရှင်းလင်းဖြေကြားပေးခဲ့သည်။
#ပြန်ကြားရေးမှူး(ဗဟို)
#ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069